Nikon Photo Contest International 2008-2009 ၏ Grand Prize ဆုကို မြန်မာဆရာဝန် ဆွတ်ခူးရရှိ

alt

အသက် ၆၂ နှစ်ရှိပြီ ဖြစ်သည့် မြန်မာ ဆရာဝန် ဒေါက်တာ ဦးမောင်မောင်ကြီး သည် Nikon Corporation မှကြီးမှူး ကျင်းပသည့် Nikon Photo Contest International 2008-2009 ၏ Grand Prize ဆုကို ရရှိခဲ့ကြောင်း သိရှိ ရသည်။

ထို ဆုရပုံအား ဒေါက်တာ ဦးမောင်မောင်ကြီးသည် မန္တလေးမှ မိုင် လေးဆယ်ခန့် ခရီး ကွာဝေးသော ပင်းတယ လှိုင်ဂူတွင် သွားရောက် ရိုက်ကူးခဲ့ပြီး၊ သူ၏ ပြိုင်ပွဲဝင် ဓါတ်ပုံအား မျှော်လင့်ချက် လှိုင်ဂူ ( Cave Of Hope ) ဟု အမည်ပေးကာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ ဦးမောင်မောင်ကြီး သည် အသက် ၁၀နှစ် အရွယ်မှ စတင်၍ ဓါတ်ပုံရိုက်ခြင်းကို စိတ်ပါဝင်စား ခဲ့ပြီး၊ သဘာဝနှင့် ရှုခင်းများ ကိုသာ အဓိကထား အလေးပေးကာ ရိုက်ကူးလေ့ရှိကာ ယခု Grand Prize ဆုရရှိသည့် မျှော်လင့်ချက် လှိုင်ဂူ ( Cave Of Hope ) သည် ဗုဒ္ဓဘာသာဝင် တဦး၏ ခံစားချက် အစစ်အမှန် တခုကို ချယ်မှုန်း တင်ပြထားခြင်းသာ ဖြစ်ကြောင်း သိရှိရသည်။

Nikon Photo Contest International 2008-2009 အား နိုင်ငံပေါင်း ၁၅၃ နိုင်ငံမှ လျှောက်လွှာပေါင်း ၁၈၀၃၃ ၏ ဓါတ်ပုံပေါင်း ၅၁၀၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး၊ ၉၂% မှာ အွန်လိုင်းမှ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ Grand Prize ဆုအတွက် အကဲဖြတ်ရေး အဖွဲ့များ အကြိမ်ကြိမ် စဉ်းစားသုံးသပ် ဆွေးနွေးတိုင်ပင် ပြီးမှ ဓါတ်ပုံဆရာ၏ ရှင်းလင်းခိုင်မာသော တင်ပြချက်များအား ရှုစားသူများ၏ စိတ်အား စွဲဆောင်နိုင်မှု အတွက် ရွေးချယ်ခဲ့ခြင်းဟု သိရှိရသည်။

Nikon Photo Contest International 2008-2009 ၏ Grand Prize ဆုအတွက် Nikon Digital SLR Camera D3၊ AF-S NIKKOR 14-24mm F2.8G ED နှင့် AF-S NIKKOR 24-70mm F2.8G ED တို့အား ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here