Halloween ပါတီတွင် အလွန်အမင်း ချောက်ချားစေမည့် ၀တ်စားမှု မပြုရန်တားမြစ်

alt

အောက်တိုဘာလ (၃၁) ရက်နေ့ Halloween ပါတီပွဲတွင် ကလေးငယ် များအနေနှင့် သူတပါးကို အလွန်အမင်း ချောက်ချားစေမည့် ၀တ်စားဆင်ယင်မှု မျိုး မပြုလုပ်ရန်

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့က တားမြစ် လိုက်သည်။

ထိုနေ့သည် သရဲတစ္ဆေ ပုံစံဝတ်စုံ များကို ဆင်မြန်းကာ သူတပါးအား လိုက်လံ ကျီစယ် နောက်ပြောင်သည့် အစဉ်အလာကို ဆက်လက် ကျင့်သုံးသော နေ့တခု ဖြစ်နေသည့်တိုင် အလွန်အမင်း ကြောက်စရာကောင်းသော ၀တ်စုံများကို မဝတ်ရန် တာဝန်ရှိသူများက ညွှန်ကြားထားသည်။

ကယ်လီဖိုးနီးယားမှ မူလတန်း ကျောင်းတခုမှာမူ စနိုးဝှိုက်နှင့် လူပုလေး (၇)ယောက် ပုံပြင်တွင် ပါသော စုန်းမကြီးပုံ မျက်နှာဖုံး မျိုးကိုပင် ပေးမဝတ်ရန် စည်းကမ်း သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။ လော့စ်အိန်ဂျယ်လိစ် မြို့တော်ရှိ ကျောင်းများမှ ကလေးများ မှာလည်း တော်ရုံသင့်ရုံမျှသာ ကြောက်စရာ ကောင်းသည့် မျက်နှာဖုံးမျိုးကို ၀တ်ဆင်ရန် ညွှန်ကြား ခံထားရသည်။ ပညာရေးဌာန အကြီးအကဲများက အတန်းကြီးသော ကျောင်းသားများ၏ နောက်ပြောင် ချောက်လှန့်မှုကြောင့် ကျောင်းသားငယ်များ အလွန်အကျွံ ချောက်ချား သွားမည်ကို စိုးရိမ်နေကြသည်။

အချို့သော ပြည်နယ်များတွင် ဟောလိုဝင်း နေ့၌ ခလေးငယ်များ ည မှောင်ရီပျိုးချိန်တွင် ရင်းနှီးသော မိတ်ဆွေများ အိမ်သို့ မျက်နှာဖုံးများတပ် မီးပုံးများ ဆွဲကာ ချောကလက် ချိုချဉ်များ လက်ဆောင် လိုက်လံ တောင်းခံခြင်းကို ဆွိုင်းဖလူး ရောဂါ ကူးစက်မည် စိုးရိမ်သဖြင့် ထိုသို့ မပြုလုပ်ကြပါရန် တားမြစ်ထားသည်။

ယခုနှစ် Halloween ရာသီတွင် ကမာ္ဘမြေသို့ ခိုးကြောင်ခိုးဝှက် ရောက်ရှိလာသည့် ရုပ်ဆိုးဆိုး ဂြိုဟ်ကောင်ကြီး၏ မျက်နှာဖုံးနှင့် ထောင်သားများ ၀တ်ဆင်ရသော လိမ္မော်ရောင် ၀တ်စုံတို့မှာ စူပါမားကက် များတွင် အရောင်းရဆုံး ဖြစ်နေပြီး၊ အခြားသော မျက်နှာဖုံး များအနက် ထောင်ကျသွားသော အမေရိကန် လုပ်ငန်းရှင်ကြီး ဘားနက်မက်ဒေါ့ နှင့် သမ္မတ ဘာရက် အိုဘားမားတို့၏ ပုံများမှာ လူကြိုက်အများဆုံး ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here