ပြန်ပေးဆွဲခံ ဗြိတိသျှဇနီးမောင်နှံ အတွက် ဆိုမာလီယား ပင်လယ်ဓားပြများ ပြန်ပေးငွေတောင်း

alt

ပြီးခဲ့သည့် သီတင်းပါတ်က (၃၈)ပေ ရှည်သော ရွက်လှေနှင့် အတူ ဆိုမာလီ ပင်လယ်ဓားပြ များက ဖမ်းဆီး သွားခြင်းအား ခံရသည့် ဗြိတိသျှ ဇနီးမောင်နှံ အတွက် ဓားပြများက

ပြန်ပေးငွေ ဒေါ်လာ(၇)သန်း တောင်းခံခဲ့ကြောင်း သိရှိရသည်။

BBC သတင်းဌာနက အိန္ဒိယသမုဒ္ဓရာ အနောက်ဖက်အခြမ်းရှိ ဆေးရှဲလ် ကျွန်းစု ကမ်းလွန်တွင် အဖမ်းခံရသည့် စုံတွဲအတွက် ပြန်လွှတ် ပေးစေလိုပါက ထို တောင်းဆိုထားသည့် ပမာဏအတိုင်း ငွေသား ပေးချေရန် ဆိုမာလီယား ပင်လယ် ဓားပြများ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ဆိုသူက ဆက်သွယ် လာကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

အသက်(၅၈)နှစ် အရွယ် ပေါလ်ချန်ဒလာနှင့် (၅၅)နှစ် အရွယ် ရေချယ်ချန်ဒလာ တို့သည် ပင်လယ်ဓားပြများ၏ ရန်ပြုမှုကို မခံရဘဲ ကျန်းမာရေး ကောင်းမွန်ကြောင်း BBC က ဖော်ပြခဲ့ပြီး အနောက်နိုင်ငံ ရေတပ်များသည် ယင်းတို့အား ခြေရာခံ ရှာဖွေနေကြောင်း ပြောကြား သွားခဲ့သည်။

ဆိုမာလီ ပင်လယ် ဓားပြများသည် ယခင်က ကုန်တင်သင်္ဘော များကိုသာ အဓိကထား ပြန်ပေးဆွဲလေ့ရှိပြီး ယခုကဲ့သို့ သာမန် အပန်းဖြေသူ များအား ပြန်ပေးဆွဲလာပြီး မြင့်မားသော ပြန်ပေးငွေ တောင်းဆိုလာခြင်းမှာ ပြီးခဲ့သော လပိုင်းအတွင်း NATO တပ်ဖွဲ့ ရေတပ်များ၏ မိမိတို့အပေါ် အင်အားသုံး ချေမှုန်းခြင်းနှင့် ပင်လယ် ဓားပြများအား ဖမ်းဆီးခြင်းတို့ အတွက် တုန့်ပြန်မှုဟာ ဆိုမာလီ ဓားပြများက အကြောင်းပြ ထားခဲ့သည်ဟု လန်ဒန်မှ လာသော သတင်းများက ထောက်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here