အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံသို့ သွားရောက်မည်

alt

အမေရိကန် အစိုးရ၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ နိုင်ငံခြားရေး အရာရှိသည် မြန်မာ နိုင်ငံသို့ လာရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

အောက်တိုဘာ (၃၀)ရက် နေ့က အမေရိကန် အစိုးရ တာဝန်ရှိသူ များက အရှေ့အာရှ လက်ထောက် နိုင်ငံခြားရေး မှူး ကတ် ကင်းဘဲလ် မြန်မာနိုင်ငံသို့ နောက် အပါတ်ထဲတွင် သွားရောက်မည်ဟု အတည်ပြု ပြောကြားခဲ့သည်။

ကင်းဘဲလ် နှင့်အတူ တွဲဖက် အတွင်းရေးမှူး စကော့မာဆီယယ် လည်း မြန်မာနိုင်ငံသို့ လိုက်ပါလာမည် ဖြစ်သည်။ ကင်းဘဲလ် နှင့် အဖွဲ့သည် မြန်မာ နိုင်ငံတွင် နိုဝင်ဘာ (၃)ရက်နှင့် (၄)ရက် နေ့များအတွင်း ခေတ္တနေထိုင်ကာ မြန်မာ စစ်အစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ပြည်ထောင်စု အစိုးရအဖွဲ့ ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် ရောဘတ်ဝုဒ် က ပြောကြားခဲ့သည်။

မိမိတို့ အနေနှင့် ယခု ခရီးစဉ်တွင် မြန်မာ စစ်အစိုးရ ထိပ်တန်း အာဏာပိုင်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ ခေါင်းဆောင်များ၊ အခြားသော တိုင်းရင်းသား အဖွဲ့အစည်း များနှင့် တွေ့ဆုံခွင့် ရရှိမည်ဟု မျှော်လင့်ကြောင်း ရောဘတ်ဝုဒ် ကဆိုသည်။

အမေရိကန် သမ္မတ ဘာရက် အိုဘားမား ၏ မြန်မာ့အရေး ဆောင်ရွက်ချက် များကို ညှိနှိုင်းရေး လမ်းစဉ်သို့ ပြောင်းလဲကျင့်သုံး လိုကြောင်း ပြောကြားခဲ့သည့် မိန့်ခွန်းအပြီး တလ အကြာတွင် လာရောက်မည့် အမေရိကန်အစိုးရ ကိုယ်စားလှယ်များ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး သမ္မတ ကိုယ်တိုင်က မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိကြောင်း ရောဘတ်က ဆက်လက်ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here