မိုဘိုင်းလ်ဖုန်းများ အချိန်ကြာမြင့်စွာ သုံးစွဲခြင်းကြောင့် ကင်ဆာ ဖြစ်နိုင်ချေတိုး

alt

မိုဘိုင်းလ် ဖုန်းများကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်းသည် ကင်ဆာရောဂါ ဖြစ်နိုင် ချေကိုတိုးပွား လာစေကြောင်း ပညာရှင် များက ပြောကြား လိုက်ကြပြီ ဖြစ်သည်။

ဆယ်စုနှစ် တခုမျှ ကြာအောင် သုတေသန ပြုလုပ်ခဲ့ပြီး နောက် ကမာ္ဘ့ ကျန်းမာရေးအဖွဲ့ (WHO) က မိုဘိုင်းလ် ဖုန်းကြောင့် ဦးနှောက် အတွင်း အကြိတ်များ ဖြစ်ပေါ်နိုင်ချေ မြင့်မား လာကြောင်း တရားဝင် ကြေညာ ခဲ့သည်။

WHO သည် ယခု စစ်တမ်းအတွက် နိုင်ငံပေါင်း (၁၃)ခုမှ လူပေါင်း ( ၁၂၈၀၀)၏ မိုဘိုင်းလ်ဖုန်း သုံးစွဲမှုနှင့် ကျန်းမာရေး ဆက်စပ်ပုံကို စံနစ်တကျ လေ့လာ ခဲ့ကြသည်။ WHO ၏ တွေ့ရှိမှုက မိုဘိုင်းလ်ဖုန်း အသုံးပြုသူ များသည် Glioma ခေါ် ဦးနှောက် ကင်ဆာကို ဖြစ်ပေါ်စေသည့် အကြိတ် တမျိုး ဖြစ်ပွားရန် သာမန်လူ များထက် ပိုမို နီးစပ်ကြောင်း ညွှန်ပြနေသည်။

WHO ၏ တွေ့ရှိမှုကို အခြေခံကာ Daily Telegraph သတင်းစာက မိုဘိုင်းလ် ဖုန်းနှင့် ကင်ဆာရောဂါ ဆက်စပ် နေကြောင်းကို ဖော်ပြခဲ့သည်။ WHO ၏ သုတေသနဌာန အကြီးအကဲ ဒေါက်တာ အဲလိစဘက်ကာဒစ် ကလည်း ထိုသတင်းကို ထောက်ခံချက်ပေးပြီး ကလေးငယ်များကို မိုဘိုင်းလ်ဖုန်း သုံးစွဲခြင်းမှ မိဘများအနေနှင့် တားမြစ် သင့်သည်ဟု အကြံပြုခဲ့သည်။

ပြည်သူများ အနေနှင့် ယခုကိစ္စကို ကျန်းမာရေး ဗဟုသုတအဖြစ် သိထား သင့်ကြောင်းလည်း ဒေါက်တာအဲလိစဘက် ကဆိုသည်။ မိုဘိုင်းလ်ဖုန်း သုံးစွဲခြင်းကြောင့် ကျန်းမာရေး အတွက် ထိခိုက်မှု ရှိမရှိသည် နှစ်ပေါင်းများစွာ အငြင်းပွား နေရသည့် ပြဿနာတခု ဖြစ်သော်လည်း ယခုအခါ WHO ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းကြီး ကိုယ်တိုင်က ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်ကြောင်း တရားဝင် သတိပေး လာရခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here