Google Powermeter အစီအစဉ် စတင်တော့မည်

alt

Google က စီစဉ်ခဲ့သည့် မိမိ နေအိမ်တွင် စွမ်းအင်ပမာဏ မည်မျှ အထိ အသုံးချ နေကြောင်းကို တိုင်းတာရန် Powermeter အစီအစဉ် ကို စတင်တော့မည် ဖြစ်သည်ဟု ဂူဂဲလ်မှ ကြေညာလိုက်ပြီ ဖြစ်သည်။

ယခင်က Google သည် ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ ကွန်ပျူတာ အသုံးပြုသူများ ထံမှ အပူစွန့်ထုတ်မှု အများအပြား ဖြစ်စေခဲ့ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များက ပြစ်တင်ဝေဖန် ခဲ့သော်လည်း ၎င်း၏ Powermeter နှင့် ပတ်သက်ပြီးမူ ချီးကျူးဂုဏ်ပြု ခံနေရကြောင်း သိရှိရသည်။

Google သည် ယခု သီတင်းပါတ် အတွင်း အမေရိကန်နိုင်ငံနှင့် ဗြိတိန်ရှိ အင်တာနက် အသုံးပြုသူ များအား မိမိနေအိမ်တွင် မည်သည့် အတိုင်းအတာ အထိ စွမ်းအင်ပမာဏ သုံးစွဲနေကြောင်းကို တွက်ချက် ညွှန်ပြသည့် Powermeter ကို စတင် စမ်းသပ်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။

ထိုလုပ်ရပ်သည် ကမာ္ဘကြီး ပူနွေးလာမှုကို တားဆီးရေး အတွက် ကောင်းမွန်သော အားထုတ်မှု တခုဖြစ်ပြီး Powermeter သုံးစွဲသူတိုင်း အတွက် မိမိမည်မျှ စွမ်းအင် သုံးစွဲနေသည်ကို ခန့်မှန်း ဆင်ခြင်နိုင်မည် ဖြစ်သည်။

ကမာ္ဘပေါ်တွင် လူသုံးအများဆုံး Search Engine ကြီး တခုဖြစ်သော Google သည် ၎င်းကိုအသုံးပြုကာ ရှာဖွေမှုများ ပြုလုပ်ရာမှ ထွက်ပေါ်လာသည့် အပူဓာတ်ကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များ၏ ထောက်ပြဝေဖန်မှုကို ခံခဲ့ရသော်လည်း Powermeter ကို စမ်းသပ် သုံးစွဲပြီးနောက် စစ်တမ်း ပြုစုချက်များအရ ဗြိတိန် မိသားစုများ၏ စွမ်းအင် အသုံးပြုမှုမှာ (၁၅) ရာခိုင်နှုန်းမျှ ပျမ်းမျှလျော့ကျ လာခြင်းကြောင့် ချီးကျူးစရာ ဖြစ်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here