အာဖဂန်ရောက် ကုလသမဂ္ဂ ဝန်ထမ်းများ လုံခြံုရေးပိုမို သတိပြုရန် ဘန်ကီမွန်း တိုက်တွန်း

alt

အာဖဂန်နစ္စတန် တွင် တာဝန် ထမ်းဆောင် နေသော ကုလသမဂ္ဂ ၀န်ထမ်းများ အနေနှင့် လုံခြံုရေး အတွက် ပိုမိုအာရုံစိုက် သတိပြုကြရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး

ဘန်ကီမွန်း က တိုက်တွန်း လိုက်ကြောင်း သိရှိရသည်။

ဘန်က ယခု သီတင်းပါတ် အတွင်း အာဖဂန်တွင် သေနတ်သမား များက ကုလသမဂ္ဂ ၀န်ထမ်း (၆)ဦး၏ နေအိမ်အတွင်း ၀င်ရောက် သတ်ဖြတ်သွားမှုကို ထောက်ပြကာ ယခုလို တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ယင်း ပြဿနာအတွက် ဘန်သည် အောက်တိုဘာ (၂၉)ရက် နေ့က ကုလသမဂ္ဂ ကြားဖြတ် အစည်းအဝေး ခေါ်ယူကာ အာဖဂန်ရှိ ၀န်ထမ်းများ လုံခြံုရေး အတွက် ညှိနှိုင်း စည်းဝေး ခဲ့ကြသည်။

ကဘူးမြို့တော် အပါအဝင် အခြားသော အာဖဂန် ဒေသများရှိ ၀န်ထမ်းများ အနေနှင့် တတ်နိုင်သမျှ နေအိမ်အတွင်း လုံလုံခြံုခြံု နေထိုင်နိုင်ရန်၊ ၀န်ထမ်းများ၏ လုံခြံုရေး အတွက် ပိုမို အာရုံစိုက်ရန် ဆောင်ရွက် သွားသင့်ကြောင်း ဘန်က အကြံပြုခဲ့သည်။ ထို့အပြင် မိမိတို့သည် အာဖဂန်ရှိ ၀န်ထမ်းများအတွက် အပြည့်အဝ ကာကွယ်နိုင်ရေး အတွက် အရေးပေါ် လိုအပ်နေပြီ ဖြစ်ကြောင်းလည်း ဘန်က ၀န်ခံ သွားခဲ့သည်။

ကုလသမဂ္ဂသည် လက်တလောတွင် အာဖဂန်သို့ ၀န်ထမ်း ရာနှင့်ချီ ပို့လွှတ်ထားပြီး အဓိကအားဖြင့် အာဖဂန် ရွေးကောက်ပွဲ အတွက် လိုအပ်သော နည်းစနစ်နှင့် အခြားသော ထောက်ပံ့မှုများကို ရည်ရွယ် ဆောင်ရွက်ပေးနေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here