9/11 အကြမ်းဖက်မှုနှင့် ဆက်နွယ်သည့် ပတ်စ်ပို့များ ပါကစ္စတန် နယ်စပ်တွင် သိမ်းဆည်းရမိ

alt

ပါကစ္စတန် စစ်သည် များသည် အာဖဂန်နစ္စတန် နှင့် နယ်စပ်ဒေသရှိ တာလီဘန် တပ်ဖွဲ့များ အင်အား ကြီးမားစွာ တပ်စွဲထားသော စစ်စခန်း များကို ၀င်ရောက် သိမ်းပိုက် ခဲ့ပြီးနောက် ကမာ္ဘကျော် 9/11 အကြမ်းဖက် မှုကြီးနှင့်

ဆက်စပ် နေသည်ဟု ယူဆရသော Passport များကို သိမ်းဆည်း ရမိခဲ့သည်။

အောက်တိုဘာ (၂၉)ရက် နေ့က ပါကစ္စတန် တပ်မတော်သည် ၎င်းတို့ ဆင်နွှဲခဲ့သည့် စစ်ဆင်ရေး တခုမှ သိမ်းဆည်း ရရှိထားသော တာလီဘန် တို့၏ Passport များကို ပထမဆုံး အကြိမ်အဖြစ် ပြည်တွင်း နှင့် နိုင်ငံတကာ သတင်းထောက် များအား ပြသခဲ့သည်။

ထို Passport များသည် အောက်တိုဘာ လ အလယ်က ဆင်နွှဲခဲ့သော စစ်ပွဲတခု အတွင်း ရရှိခဲ့ခြင်း ဖြစ်သည်။ ပါကစ္စတန် တပ်မတော်သည် အမေရိကန် ပြည်ထောင်စု၏ ကျောထောက် နောက်ခံ ပြုမှုဖြင့် အနောက်မြောက်ပိုင်း အာဖဂန်နှင့် နယ်စပ်ဒေသ တလျှောက်ရှိ တာလီဘန် စစ်စခန်း များကို အပြင်းအထန် ချေမှုန်းတိုက်ခိုက် နေသည်။

သိမ်းဆည်း ရမိထားသော Passport တခုအနက် ပိုင်ရှင်မှာ ဆက်ဘဟာဂျီ ဆိုသူဖြစ်ပြီး ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ ကွန်ရက်မှာ 9/11 တိုက်ခိုက်မှုကြီးကို အကောင်အထည် ဖော်ခဲ့သူဟု ယူဆရသည်။

ဘဟာဂျီသည် ထိုကိစ္စအတွက် ဂျာမနီ မှတဆင့် နယူးယောက် နှင့် ၀ါရှင်တန် မြို့ကြီး များသို့ ကူးလူးသွားလာ ခဲ့သည်ဟု တာဝန်ရှိသူ များက ယူဆ ထားသည်။ ထို Passport နှင့်အတူ တံဆိပ်ခေါင်း တခု၊ ပါကစ္စတန် တောင်ပိုင်းမြို့ ကရာချိသို့ (၂၀၀၁)ခုနှစ်၊ စက်တင်ဘာ (၄)ရက် နေ့က ရောက်ရှိခဲ့ကြောင်း လက်မှတ် တခုတို့ကိုလည်း စစ်သားများက ဖော်ထုတ် တွေ့ရှိခဲ့သည်။

ထို့အပြင် စပိန်အမည် ရောကွေးလ် ဘာဂိုးဂါစီယာ အမည်ဖြင့် Passport တခုကိုလည်း တွေ့ရှိခဲ့ပြီး ပိုင်ရှင်သည် 9/11 တိုက်ခိုက်မှု၊ (၂၀၀၄) ခုနှစ်၊ စပိန်နိုင်ငံ၊ မက်ဒရစ် ဗုံးခွဲမှုများနှင့် ဆက်စပ်နေသည်ဟု ယူဆရသည်။ သူမ၏ မိသားစုက ဂါစီယာ၏ သတင်းကို (၂၀၀၁) ခုနှစ် ကတည်းက မကြားရတော့ကြောင်း စပိန် သတင်းဌာနများသို့ ပြောကြားခဲ့သည်။

သူမ သည်လည်း အိန္ဒိယနှင့် အီရန်တို့သို့ သွားရောက်ခဲ့ကြောင်း စာရွက်စာတမ်းများ အရ သိရှိနိုင်သည်။ ပါကစ္စတန် စစ်တပ်သည် 9/11 တိုက်ခိုက်မှုနှင့် ဥရောပမြေရှိ အကြမ်းဖက် သမားများကြား ဆက်စပ်မှုနှင့် ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပေးရန် ငြင်းဆန် ခဲ့ကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here