ဧည့်သည် လာရောက်ခွင့် ပိတ်ပင်မှု အပေါ် ဒေါ်အောင်ဆန်းစုကြည် စိတ်ပျက်နေ

alt

အောက်တိုဘာ (၂၉)ရက် နေ့က ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့် ရရှိပြီးနောက် NLD ပါတီ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ဒေါ်အောင်ဆန်းစုကြည် သည် မိမိထံသို့ ဧည့်သည်များ

လာရောက်ခွင့် ပိတ်ပင်ထားမှု အပေါ် အလွန်အမင်း စိတ်ပျက် နေကြောင်း ထုတ်ဖော် ပြောဆို လိုက်သည်။

မြန်မာ စစ်အစိုးရ သည် ဒေါ်အောင်ဆန်းစုကြည် အား နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ချမှတ်ထားပြီး နောက် သူမ၏ ဥပဒေ အကျိုးဆောင် အဖွဲ့ကိုပင် ၀င်ရောက် တွေ့ဆုံခွင့် မပေးခဲ့ချေ။

ထို့အပြင် တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် ၏ ယိုယွင်း နေသော နေအိမ်ကို ပြင်ဆင်ရန်လည်း မည်သူ့ကိုမျှ ၀င်ခွင့် မပေးခဲ့ချေ။ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် မှာ ယင်းကဲ့သို့ အဖက်ဖက်မှ ပိတ်ဆို့နေမှု များအတွက် အလွန် စိတ်ကျဉ်းကြပ် နေကြောင်း ဦးဉာဏ်ဝင်းက ထုတ်ဖော် ပြောဆို သွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေ လေးဦးနှင့် အချိန်မရွေး တွေ့ဆုံခွင့် ရလိုကြောင်း စစ်အစိုးရ အာဏာပိုင်များထံ စာရေး တောင်းဆိုရန် ညွှန်ကြားခဲ့ကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် သည် သူမ၏ ကိုယ်ပိုင် အခွင့်အရေး အတွက် မြန်မာ စစ်အစိုးရ၏ ကန့်သတ်မှု တိုင်းအား ဆန့်ကျင် သွားမည်ဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် သည် နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ် ကျခံနေရပြီး သူမ၏ နောက်ဆုံးပြစ်ဒဏ် အဖြစ် အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံယက်ထော အား နေအိမ်အတွင်း လက်ခံမှုဖြင့် အကျယ်ချုပ် (၁၈)လ ထပ်မံကျခံ စေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ၏ ရှေ့နေများသည် ယင်း ပြစ်ဒဏ်အား အယူခံဝင်ရန် တကြိမ် ကြိုးစားသော်လည်း ပယ်ချခံခဲ့ရပြီး နောက်တကြိမ် အယူခံဝင်ရန် စီစဉ် နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here