အဆိုတော် ရော်ဘီဝီလျံ၏ ကျေးလက် စံအိမ်ကြီး အရှုံးခံ ရောင်းချမည်

alt

ရော်ဘီဝီလျံ သည် အမေရိကန်ရှိ ၎င်း၏ နေအိမ်ကို အရှုံးခံ ရောင်းချမည်ဟု သိရှိ ရသည်။ ဗြိတိန်သို့ ပြန်ရန် ပြင်နေသော နာမည်ကြီး အဆိုတော် သည် လော့စ်အိန်ဂျလိစ် ရှိ သူ

နေထိုင်သော ကျေးလက် စံအိမ်ကြီး အား ပေါင်စတာလင် (၁)သန်း အထိ အရှုံးခံကာ ရောင်းချ သွားမည် ဖြစ်သည်။

ရော်ဘီသည် ယခုနှစ် ဆောင်းရာသီ အတွင်း ဗြိတိန်သို့ ပြန်ရန် စီစဉ်ထားပြီး ဖြစ်သည်။

၎င်းသည် မွေးရပ်မြေကို လွမ်းဆွတ် နေသဖြင့် ချစ်သူ အမေရိကန် မင်းသမီး အိုင်ဒါဖီး နှင့်အတူ ခရစ္စမတ် ကာလတွင် ဗြိတိန်သို့ ပြန်လိုကြောင်း ရော်ဘီက ဆိုသည်။ အသက် (၃၅)နှစ်ရှိ အဆိုတော်သည် (၁၈)ရာစု လက်ရာ စံအိမ်ကြီး အတွက် ပေါင်စတာလင် (၈.၅)သန်း အကုန်အကျ ခံကာ ၀ယ်ယူထားခြင်း ဖြစ်သည်။

ရေပန်းများ၊ ဘုရား ကျောင်းဆောင်များနှင့် ရဟတ်ယာဉ်ကွင်း တခု ပါ၀င်သော အဆိုပါ အိမ်ကြီးအား ယခုနှစ် ဖေဖော်ဝါရီလ ကမှ ရော်ဘီက ၀ယ်ယူခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ အမြန် ပြန်ရောင်းချ နိုင်ရန် အိမ်ခြံမြေ အကျိုးဆောင် ဌာနသို့ အဆိုတော်က ဆက်သွယ် ခဲ့ကြောင်း သိရသည်။ ယခု အချိန်တွင် ရော်ဘီ၏ အိမ်ကြီးအား စိတ်ဝင်စားသူ အချို့ ရှိနေကြောင်း အိမ်ခြံမြေ အကျိုးဆောင် ဌာနက ဆိုသည်။

ရော်ဘီသည် ကမာ္ဘနှင့်တဝှမ်း အယ်လ်ဘမ် အချပ်ရေ (၅၅) သန်းကျော် ရောင်းချ ထားနိုင်သည့် ကမာ္ဘကျော် အဆိုတော် တဦးဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here