Slumdog Millionaire ကလေး သရုပ်ဆောင်နှစ်ဦး ပညာရေးဘက်တွင် ပေါ့လျော့မှုများ ရှိနေ

alt

Slumdog Millionaire ဇာတ်ကား ကြောင့် ဆင်းရဲတွင်းမှ လွတ်မြောက် သွားသော အိန္ဒိယမှ ကလေး သရုပ်ဆောင် (၂)ဦးသည် ကျောင်းသင် ပညာရေးဘက်တွင် ပေါ့လျော့မှုများ

ရှိနေကြောင်း သိရှိရသည်။

အော်စကာ ဆုများစွာ ပိုင်ဆိုင် နိုင်ခဲ့ပြီး နောက် အိမ်အသစ်များ၊ ကားများနှင့် လန်ဒန်၊ ပဲရစ် စသော မြို့ကြီးများသို့ အပျော်ခရီး ထွက်ခွင့်များ ရရှိ ခဲ့သော်လည်း (၁၀)နှစ် အရွယ် ရူဘီနာအလီ နှင့် (၁၁)နှစ် အရွယ် အက်ဇဟာရူဒင် မိုဟာမက် အစ်ဇမေးလ် တို့သည် ကျောင်း ပညာရေးတွင် အကြီးအကျယ် ပျက်ကွက် လျှက်ရှိနေသည်။

ရူဘီနာသည် သူမ၏ အတန်းတွင် ကျောင်းခေါ်ချိန် (၇၅) ရာခိုင်နှုန်း မပြည့်သဖြင့် သတိပေး ခံထားရပြီး အစ်ဇမေးလ် မှာလည်း ကျောင်းတွင် ပျက်ကွက်မှုများ အတော်များနေကြောင်း ဆရာ၊ ဆရာမ များက ပြောကြား ခဲ့သည်။

ကလေး နှစ်ဦးသည် အိနိ္ဒယနိုင်ငံ၏ အကျော်ကြားဆုံး Celebrity စာရင်းသို့ ချက်ချင်း ၀င်ရောက် လာနိုင်ခဲ့သော်လည်း ထို့ကြောင့်ပင် ဖျော်ဖြေရေး အစီအစဉ်များက ကမ်းလှမ်းခေါ်ယူမှုများ အပြိုင်အဆိုင် ပြုလုပ် လာကြသည်။

ထိုအခါ ကလေးနှစ်ဦး၏ ကျောင်းပညာရေးသို့ ရိုက်ခတ်မှုများ ဖြစ်ပေါ်လာပြီး ၎င်းတို့အတွက် ထူထောင်ထားသော ရံပုံငွေ အတွက်လည်း ပြဿနာ ဖြစ်နိုင်ကြောင်း ရံပုံငွေ ထိန်းသိမ်းသူနှင့် Slumdog ဇာတ်ကား ပရိုဂျူဆာ ခရစ်စတီယန် ကော်လဆန်က ပြောကြားခဲ့သည်။

Slumdog ဇာတ်ကား အကြီးအကျယ် အောင်မြင်ပြီးနောက် ဇာတ်ကား ဒါရိုက်တာ ဒင်နီဘွိုင်း သည် ပရိုဂျူဆာများနှင့် အခြားသော ဆက်နွယ် ပတ်သက်သူများကို စည်းရုံးကာ ကလေးနှစ်ဦး၏ နောင်ရေးအတွက် ရံပုံငွေ တရပ်ကို အမျှော်အမြင်ကြီးစွာ ထူထောင် ပေးထားခဲ့သူ ဖြစ်သည်။

သို့သော်လည်း ကလေးများသာ ဘွဲ့ မရခဲ့ပါက ရံပုံငွေတွင် သတ်မှတ်ထားသည့် စည်းမျဉ်း အချက်အလက်များ အရ ငွေကြေး အမြောက်အမြားကို ရပိုင်ခွင့် မရှိတော့ကြောင်း ကော်လဆန်က AFP သတင်းဌာနသို့ ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here