တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှု အိန္ဒိယရောက် မြန်မာများ ကန့်ကွက် ဆန္ဒပြ

alt

အိန္ဒိယ နိုင်ငံသို့ ရောက်ရှိနေသော မြန်မာ နိုင်ငံသား များက တရုတ်နိုင်ငံ၏ ဓာတ်ငွေ့ ပိုက်လိုင်းများ မြန်မာနိုင်ငံသို့ သွယ်တန်းမည့် အစီအစဉ် အား အောက်တိုဘာ (၂၈)ရက် နေ့က

ကန့်ကွက် ဆန္ဒပြ ခဲ့ကြကြောင်း သိရှိရသည်။

အိန္ဒိယရောက် မြန်မာများက နိုဝင်ဘာ လတွင် စတင်မည့် ကီလိုမီတာ (၁၀၀၀) ကျော် အရှည်ရှိ ပိုက်လိုင်းများ သွယ်တန်းမှု စီမံကိန်းကို မစတင်ရန် တောင်းဆို ခဲ့ကြသည်။ ယင်း ပိုက်လိုင်းများကို အသုံးပြုကာ မြန်မာ စစ်အစိုးရက နိုင်ငံ အနောက်ပိုင်းရှိ ရွှေ သဘာဝ ဓာတ်ငွေ့သိုက်မှ ဓာတ်ငွေ့များအား တရုတ်နိုင်ငံ၊ ယူနန် ဒေသသို့ ရောင်းချသွားရန် စီစဉ်ထားရှိ ခြင်းဖြစ်သည်။

တရုတ်ကုမ္ပဏီ CNPC နှင့် မြန်မာ စစ်အစိုးရတို့ ပူးပေါင်းစီစဉ်သော အဆိုပါ စီမံကိန်းကို မိမိတို့ အနေနှင့် လုံးဝ လက်မခံနိုင်ကြောင်း နယူးဒေလီရောက် မြန်မာများက ဆိုသည်။ ထို့အပြင် မြန်မာ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု များအား တရုတ် အစိုးရက အကာအကွယ် ပေးနေခြင်းကိုလည်း အဝေးရောက် မြန်မာများက ကန့်ကွက် ခဲ့ကြသည်။ ဒေလီတွင် ကျင်းပသည့် ဆန္ဒပြပွဲ များအား ရွှေဓာတ်ငွေ့ လှုပ်ရှားမှုဟု ကင်ပွန်း တပ်ထားပြီး မြန်မာ စစ်အစိုးရသည် လွန်ခဲ့သည့် နှစ်ပေါင်း (၃၀)မှ စကာ နှစ်စဉ် နှစ်တိုင်း ဒေါ်လာသန်း (၈၀၀) စီ ဓာတ်ငွေ့ ကဏ္ဍမှ ရရှိနေကြောင်း ဆန္ဒပြသူ တဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ဓာတ်ငွေ့များကို တရုတ်က ၀ယ်ယူမည့် စီမံကိန်းအား အခြားသော နိုင်ငံများ ဖြစ်သည့် ဗြိတိန်၊ ထိုင်း နှင့် တောင်ကိုရီးယား ရောက် မြန်မာ များကလည်း နိုင်ငံအလိုက် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

ဒေလီမြို့ ဆန္ဒပြပွဲကို တရုတ် သံရုံးရှေ့တွင် ပြုလုပ်ပြီး တရုတ်သမ္မတ ဟူကျင်တောင်ထံ ဦးတည်ကာ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ မြန်မာ နိုင်ငံသည် ကမာ္ဘပေါ်တွင် သဘာဝ ဓာတ်ငွေ့ ထွက်ရှိမှု အများဆုံး နိုင်ငံများအနက် နံပါတ်(၁၀)တွင် ရပ်တည်နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here