နာဂစ် ဒဏ်သင့် ကျေးရွာတွင် သဘာဝ ဘေးအန္တရာယ် အတွက် လေ့ကျင့်မှုများ ပြုလုပ်ခဲ့

alt

မြန်မာနိုင်ငံရှိ နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒဏ်သင့် ကျေးရွာ တခုတွင် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ အရေးပေါ် အခြေအနေ စုရုံး လေ့ကျင့်မှု တခု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း အတွင်းရှိ သဲကုန်း ကျေးရွာတွင် ပြုလုပ်ခဲ့သော ယင်း အစမ်းလေ့ကျင့်မှု အတွင်း ရွာလုံးကျွတ် ပါ၀င်ခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာ က ဖော်ပြထားသည်။ ACT နိုင်ငံတကာ အဖွဲ့၏ နာဂစ် ဒဏ်သင့် ဒေသများ ပြန်လည် ထူထောင်ရေး အစီအစဉ်အရ ကျေးရွာများတွင် သဘာဝ ဘေးအန္တရာယ် ကြံုလာပါက ထိခိုက်သေဆုံးမှု လျော့နည်းနိုင်ရေး ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ အစမ်း လေ့ကျင့်မှုကို ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လေ့လာသူ များက ယင်းဒေသ များသည် မုန်တိုင်းကြီး ဖြတ်သန်း တိုက်ခတ်မှုကို မျက်ဝါးထင်ထင် ကြံုခဲ့ရသည်မှာ လ မှ နှစ်တိုင်အောင် ကြာမြင့်နေပြီ ဖြစ်သော်လည်း ပြန်လည် ထူထောင်ရေး အကူအညီ အထောက်အပံ့များ လိုအပ်နေဆဲဟု ပြောကြားခဲ့သည်။ ယခု လေ့ကျင့်ခန်းတွင် ကြိုတင် သတိပေးရေး စံနစ်များ၊ ရွှေ့ပြောင်း နေရာချမှုများ၊ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများ၊ ရှေးဦး ထောက်ပံ့ ကူညီမှုများကို စံနစ်တကျ ထည့်သွင်း ပြုလုပ်ခဲ့သည်။

(၃) နာရီကြာ အစမ်း လေ့ကျင့်မှု အတွက် ကျေနပ် အားရကြောင်း ACT က ဆိုသည်။ ၎င်းတို့သည် နာဂစ်ဒဏ်ခံ ဒေသများရှိ ကျေးရွာပေါင်း (၅၀)ကို ယခုကဲ့သို့ အစမ်းလေ့ကျင့်များ ဆောင်ရွက် ပေးသွားရန် အစီအစဉ် ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here