နာတာရှည် ရောဂါ ခံစားနေရသူများ စိတ်ရောဂါကု ဆရာဝန်နှင့် တိုင်ပင်သင့်

alt

နာတာရှည် ရောဂါကို ခံစားနေရသူများ အနေနှင့် စိတ်ရောဂါကု ကျွမ်းကျင် ဆရာဝန် များနှင့် နှီးနှောတိုင်ပင် သင့်ကြောင်း ဗြိတိန် ကျန်းမာရေး ဌာနက သတိပေး လိုက်သည်။

သန်းနှင့် ချီရှိသော နာတာရှည် ရောဂါသည်များသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေနိုင်ပြီး စိတ်ကျရောဂါ စွဲကပ်လာရန် နီးစပ်နေကြောင်း ကျန်းမာရေးဌာန လက်အောက်ခံ အမျိုးသား ကျန်းမာရေး ဆိုင်ရာ ပညာရေး ဌာနက သတိပေး ခဲ့သည်။

နာတာရှည် လူနာများသည် မိမိ၏ ရောဂါကြောင့် သိမ်ငယ်စိတ် ၀င်ကာ သာမန် လူများထက် စိတ်ကျဝေဒနာ စွဲကပ်ရန် (၂)ဆ မှ (၃)ဆ အထိ ပိုမိုဖြစ်နိုင်ခြေ မြင့်တက် လာကြောင်း ပညာရှင်များက ဆိုသည်။ ဗြိတိန် ကျန်းမာရေး ဌာနသည် ပြည်သူများ အတွင်း နာတာရှည် ဝေဒနာရှင်များ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်း ကျန်းမာရေး ဆက်စပ်မှုကို စနစ်တကျ လေ့လာရန်လည်း ပြင်ဆင်လျှက် ရှိသည်။

လန်ဒန် တက္ကသိုလ်မှ ပါမောက္ခ စတိပါလင်း ကလည်း အသေးစိတ် သုတေသန ပြုထားသော ရလဒ်များက နာတာရှည် ဝေဒနာရှင်များသည် စိတ်ပိုင်းဆိုင်ရာ ယုံကြည်ချက် နိမ့်ပါးနေတတ်ပြီး ထိုအခြေအနေကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ဟု ထောက်ခံဆွေးနွေး ထားသည်။

စိတ်ပညာရှင်များနှင့် ပုံမှန်တွေ့ဆုံ ဆွေးနွေးမှုမျိုး ပြုလုပ်သင့်ကြောင်း၊ နာတာရှည် ဝေဒနာသည်များသည် သာမန် ထက်လည်း ဖိစီးမှု ဒဏ်ကို ခံနိုင်ရည် လျော့နည်းလေ့ရှိရာ မလိုလားအပ်သော စိတ်ပိုင်းရုပ်ပိုင်း ပြဿနာများ မဖြစ်ပေါ်မီ ကြိုတင် ကာကွယ်ရန် လိုအပ်ကြောင်း ဒေါက်တာပါလင်း က အကြံပြု ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here