မြန်မာနိုင်ငံတွင် ကျင်းပမည့် ဟော်ကီပွဲစဉ်များ မဲခွဲမှု မလေးရှား စိတ်ပျက်နေ

alt

မြန်မာနိုင်ငံတွင် နို၀င်ဘာ (၁၁)ရက် နေ့မှ (၂၂)ရက်နေ့ အထိ ကျင်းပ ပြုလုပ် သွားမည့် အသက် (၁၈)နှစ် အောက် အာရှဖလား ဟော်ကီပြိုင်ပွဲ အုပ်စု အဆင့် မဲခွဲမှုများ အတွက် မလေးရှား ဟော်ကီအဖွဲ့ က စိတ်ပျက် နေကြောင်း

သိရှိရသည်။

မလေးရှားသည် အုပ်စု(က) တွင် ပါ၀င်နေပြီး လက်ရှိချန်ပီယံ အိန္ဒိယ၊ ပါကစ္စတန်၊ တိုင်ဝမ်နှင့် သီရိလင်္ကာ တို့အား ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အုပ်စု(ခ) တွင်မူ တောင်ကိုရီးယား၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်၊ စင်္ကာပူ၊ ထိုင်း နှင့် အိမ်ရှင် မြန်မာတို့ ပါ၀င်ကြသည်။

မလေးရှား နည်းပြ ဒါမာရက်က ၎င်းတို့သည် ပြိုင်ပွဲ၏ ထိပ်သီးအသင်းများ အဖြစ် သတ်မှတ် ခံထားရသော အသင်းများ ဖြစ်သည့် မလေးရှား၊ အိန္ဒိယ နှင့် ပါကစ္စတန် တို့အား တအုပ်စုထဲ နေရာ ချထားခြင်းကို နားမလည် နိုင်သလို မကျေမနပ်  ဖြစ်မိကြောင်း ၀န်ခံခဲ့သည်။

တောင်ကိုရီးယား နှင့် ဂျပန်တို့သည် လက်ရွေးစင် အဆင့်တွင် ထူးချွန်သော်လည်း အငယ်တန်း ပြိုင်ပွဲများတွင် ထိပ်ဆုံးအသင်းများ မဟုတ်သေးကြောင်း၊ သို့သော်လည်း ၎င်းတို့ နှစ်သင်းလုံး အားနည်းသော အုပ်စုတွင် ကျရောက် နေသဖြင့် မျှော်လင့်ချက် အားကောင်းနေကြောင်း နည်းပြက ဆိုသည်။ ယခုကဲ့သို့ အုပ်စုခွဲမှု နေရာ မကျခြင်းအား တရားဝင် ကန့်ကွက်ပေးရန် မလေးရှား ဟော်ကီ အဖွဲ့ချုပ်အား တောင်းဆိုထားကြောင်း ဒါမာရက် က ဆိုသည်။

မလေးရှား ဟော်ကီအဖွဲ့ချုပ် ကလည်း အုပ်စုခွဲမှုနှင့် စပ်လျဉ်းပြီး အာရှဟော်ကီ အဖွဲ့ချုပ်နှင့် နိုင်ငံတကာ ဟော်ကီအဖွဲ့ချုပ် များသို့ အရေးဆိုရန် စဉ်းစားနေကြောင်း သိရှိရသည်။ မလေးရှားသည် ပြိုင်ပွဲ၏ အဖွင့် ပွဲစဉ်အဖြစ် နိုဝင်ဘာ (၁၁)ရက် နေ့တွင် တိုင်ဝမ်နှင့် တွေ့ဆုံရမည် ဖြစ်သည်။

(၁၈)နှစ် အောက် အာရှဖလား ဟော်ကီ ပြိုင်ပွဲသည် မြန်မာနိုင်ငံတွင် ကျင်းပမည့်ပွဲ အပါအဝင် နှစ်ကြိမ်သာ ပြုလုပ်ရသေးပြီး (၂၀၀၁) ခုနှစ်က အီပိုတွင် ပြုလုပ်သော ပြိုင်ပွဲအတွင်း အိန္ဒိယက ဥဇဘက်ကစ္စတန် ကို အနိုင်ရကာ ဗိုလ်စွဲသွားပြီး မလေးရှား ကမူ တောင်ကိုရီးယား ကို အနိုင်ရပြီး တတိယဆု ဆွတ်ခူးနိုင်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here