ဝီဂန် တိုက်စစ်မှူး အမျိုးသမီး တဦးအား မဖွယ်မရာ ပြုမှုဖြင့် ထောင်ဒဏ် ကျခံရ

alt

အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် ၀ီဂန်အသင်းမှ တိုက်စစ်မှူး မယ်လွန်ကင်း အား လန်ဒန် တရားရုံးက အမျိုးသမီး တဦးကို မဖွယ်မရာ ပြောဆို ဆက်ဆံမှု၊ အနာတရ ဖြစ်စေမှုများဖြင့်

ထောင်ဒဏ် (၁၈)လ ချမှတ် လိုက်ကြောင်း သိရှိရသည်။

အသက် (၂၉)နှစ်ရှိ ကင်းသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက နိုက်ကလပ် တခုသို့ ရောက်ရှိကာ  ၎င်းသည် အမျိုးသမီးအား ချဉ်းကပ်ပြီး လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်သော စကားများ ပြောဆိုခဲ့သော်လည်း အမျိုးသမီးက ငြင်းဆန်ခဲ့သဖြင့် ဒေါသတကြီး ရန်ပြုခဲ့ခြင်း ဖြစ်သည်ဟု  ရုံးတော်မှ ဆိုသည်။

ကင်း၏ လက်ချက်ကြောင့် အမျိုးသမီးသည် နှာခေါင်းရိုး ကျိုးပြီး သွေးထွက်သံယို ဖြစ်သွား ခဲ့ရကြောင်း သိရှိရသည်။ ထိုပြဿနာ ဖြစ်ပွားချိန်တွင် ကင်း၏ ဇနီးမှာ နေအိမ်တွင် ကိုယ်ဝန်နှင့် ကျန်နေခဲ့သည်။

ကင်းက တရားရုံးတွင် တရားလို အမျိုးသမီးသည် ၎င်းအား လူမှားပြီး စွပ်စွဲ နေခြင်းသာ ဖြစ်ကြောင်း လီဆယ် လျှောက်ထား ခဲ့သော်လည်း မျက်မြင် သက်သော အမြောက်အမြား ရှိနေခြင်းကြောင့် သူ၏ ကြိုးပမ်းအားထုတ်မှု မအောင်မြင် ခဲ့ပေ။

ကင်းအား ထောင်ဒဏ် ချမှတ်ကြောင်း တရားရုံးမှ ကြေညာခဲ့ပြီး နောက် ၀ီဂန် ကလည်း ၎င်းကို ကစားသမား စာရင်းမှ ပယ်ဖျက် လိုက်သည်။

ဂျမေကာ လက်ရွေးစင် ကင်းသည် ၀ီဂန်တွင် ကစားကြေးအဖြစ် တပါတ်လျှင် ပေါင် (၃၅၀၀၀) အထိ ရရှိနေသူ ဖြစ်ပြီး ယခု အမှုကြောင့် လိင်ပိုင်းဆိုင်ရာ အန္တရာယ်ရှိသူ အဖြစ် နာမည်ပျက် စာရင်းတွင် (၇)နှစ်ကြာ မှတ်တမ်းတင် ခံထားရမည် ဖြစ်သည်။ ထို့အပြင် ကင်းသည် ဆေးကုသ စရိတ်နှင့် တရားစရိတ် တို့ကိုလည်း ပေးဆောင်ရမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here