Google Wave တွင် Application Store ပါဝင်လာမည်

alt

Google ၏ နောက်ထပ် ခြေလှမ်းသစ် တခုဖြစ်သော Google Wave တွင် Application များ ရောင်းချမည့် Online စတိုးတခု ကိုပါ ထည့်သွင်း ထားကြောင်း သိရှိရသည်။

Google သည် Facebook နှင့် Twitter တို့ကို လွှမ်းမိုးယှဉ်ပြိုင်ရန် Google Wave အမည်ရှိ real-time လူမှုဆက်ဆံရေး Tool တခုအား Google Wave အမည်သုံးကာ အကန့်အသတ်ဖြင့် စတင်စမ်းသပ် သုံးစွဲခွင့် ပြုထားပြီး ဖြစ်သည်။

ယခုအခါ Application စတိုး တခုကိုပါ ထည့်သွင်း လိုက်ခြင်းဖြင့် အင်တာနက် သုံးစွဲသူများ အတွက် လိုအပ်ချက်တိုင်းကို ပိုမိုဖြည့်ဆည်း ပေးနိုင်ရန် နီးစပ်လာကြောင်း လန်ဒန်တွင် ကျင်းပသည့် Google နည်းပညာ သုံးစွဲသူများအဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယခု စတိုးမှတဆင့် Google အတွက် ငွေကြေးရနိုင်ရေး အခွင့်အလမ်းများ တိုးများလာသလို သုံးစွဲသူများ အတွက်လည်း အဆင်ပြေနိုင်သော အခြေအနေများ အပြန်အလှန် ရရှိလာနိုင်ကြောင်း သိရှိရသည်။ Google သည် Google Wave ၏ Application စတိုးကို Apple ၏ iPhone Application စတိုးကဲ့သို့ ကြီးကြီးမားမား အောင်မြင်မှု ရရှိနိုင်ရန် မျှော်လင့်ထားသည်။

Google Wave ၏ စတိုးသည် ယင်း Tool တွင် အသုံးပြုနိုင်သည့် အခမဲ့နှင့် အခပေး Application များကို Download လုပ်ခွင့် ပေးသွားရန် စီစဉ်ထားသည်။ Google ၏ နောက်ထပ် တီထွင်မှု အသစ်ဖြစ်သော Google Wave အား လာမည့်နှစ်မှ စတင်ကာ လူတိုင်းအတွက် သုံးစွဲခွင့် ပေးသွားရန် စီစဉ်ထားပြီး လက်တလောတွင် Beta အဆင့်ဖြင့် ကမာ္ဘတဝှမ်းမှ လူပေါင်း ( ၆၀၀၀၀၀ ) မျှ စမ်းသပ် သုံးစွဲနေရာ သတင်းကွန်ရက် အတွက် အလွန်ကောင်းမွန်သော Tool တခုအဖြစ် ချီးကျူး ခံထားရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here