ပလာစီယို အတွက် အာစင်းဝင်းဂါး အား စပါးနည်းပြ ကျေးဇူးတင်ဟု ဆို

alt

တော့တင်ဟမ် ဟော့စပါး နည်းပြကြီး ဟယ်ရီရက်နပ်က အာဆင်နယ် အသင်း နည်းပြကြီး အာစင်းဝင်းဂါး အား ၀ီဆင် ပလာစီယို ကို စတင် သတိထား

မိအောင် ညွှန်ပြခဲ့သည့် အတွက် ကျေးဇူး တင်မိကြောင်း ပြောကြား ခဲ့သည်။

ကွင်းလယ်လူ ပလာစီယို သည် ပြီးခဲ့သည့် ဘောလုံး ရာသီကမှ တော့တင်ဟမ် သို့ ၀ီဂန်အသင်းမှ ပေါင်(၁၂)သန်းဖြင့် ပြောင်းရွှေ့လာပြီး ယခုအခါ အသင်း ပရိသတ် အကြိုက်ဆုံး ကစားသမား ဖြစ်လာခဲ့သည်။

ရက်နပ်က ပလာစီယိုအား စတင် သတိထားမိသူသည် ၀င်းဂါးပင် ဖြစ်ကြောင်း ၀န်ခံခဲ့သည်။ ရက်နပ်၏ သူငယ်ချင်း စတိဘရု ဘာမင်ဂမ်စီးတီး အား ကိုင်တွယ်နေစဉ် ၀င်းဂါးက ကွင်းလယ် လူသစ် တဦးအား အစမ်း လေ့ကျင့်နေကြောင်း၊ ၎င်းအား လက်မှတ်ထိုးရန် အစီအစဉ် မရှိသော်လည်း မိမိအနေနှင့် စိတ်ဝင်စားပါက လေ့လာနိုင်ကြောင်း ဘရုကို သတင်းပေး ခဲ့သည်ဟု ရက်နပ်က ဆိုသည်။

ထို ကစားသမားသည် ပလာစီယို ပင်ဖြစ်ပြီး ဘရု ကလည်း သဘောကျ သဖြင့် ဘာမင်ဂမ် အတွက် စာချုပ် ချုပ်ဆို ခေါ်ယူခဲ့သည်။ ထို့နောက်တွင် ပင်ကိုယ် အရည်အသွေး ရှိသော ပလာစီယိုသည် အင်္ဂလန် ဘောလုံး လောကတွင် လျင်လျင်မြန်မြန် ခြေစွမ်းပြ လာနိုင်ပြီး ဘာမင်ဂမ် မှတဆင့် ၀ီဂန်သို့ ရောက်ရှိလာသည်။ ထိုမှတဆင့် ပလာစီယိုသည် တော့တင်ဟမ် သို့ ထပ်မံ ပြောင်းရွှေ့ခဲ့သည်။

ပလာစီယို ၏ အရည်အသွေးသည် အကောင်းဆုံး အနေအထားတွင် ရှိကြောင်း၊ ၎င်းသည် ဘောလုံး အရည်အသွေးနှင့် လျင်မြန်မှုတွင် အပြစ် အနာအဆာ မရှိသည့် ထိပ်တန်း ကစားသမား တဦး ဖြစ်ကြောင်း၊ သို့သော်လည်း ၀င်းဂါးသာ သတိ မပြုမိပါက အင်္ဂလန် ဘောလုံး လောကတွင် ထွန်းတောက် လာစရာ အကြောင်း မရှိကြောင်း ရက်နပ်က သုံးသပ် ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here