ဒေါ်အောင်ဆန်းစုကြည် အား ဖမ်းဆီးထားမှု ဩစတြေးလျ အမျိုးသမီးများ ကန့်ကွက် ဆန္ဒပြ

alt

ဩစတြေးလျ နိုင်ငံမှ ဩဇာ အကြီးမား ဆုံး အမျိုးသမီး (၂) ဦး အပါအဝင် အိမ်ထောင်ရှင် အမျိုးသမီး များသည် ဒေါ်အောင်ဆန်းစုကြည် အား မြန်မာ စစ်အစိုးရက မတရား ဖမ်းဆီး ထားသည်ကို ဆန္ဒပြ ကန့်ကွက်မှု

တခုပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာ (၂၇)ရက် နေ့က စတင်သည့် ယင်း အစီအစဉ်ကို ကမာ္ဘကျော် ဆစ်ဒနီ အော်ပရာ ဇာတ်ရုံကြီးတွင် ကျင်းပခဲ့ပြီး ဝန်ကြီးချုပ် ကတော်၊ သီရေဆာရင်း နှင့် အတိုက်အခံ ပါတီခေါင်းဆောင် ကတော် လူစီတန်ဘူး တို့သည်လည်း ရာပေါင်းများစွာသော အမျိုးသမီးများ အနက် ပါ၀င်ခဲ့ကြသည်။

Stand for Freedom ဟု အမည် ပေးထားသည့် ယင်း ဆန္ဒပြပွဲသည် မြန်မာ စစ်အစိုးရ၏ မတရား ချုပ်နှောင်မှုကို ခံထားရသည့် နိုဘယ်ဆုရှင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝအပေါ် နိုင်ငံတကာက အာရုံ စိုက်လာရန် ရည်ရွယ်ကြောင်း ၀န်ကြီးချုပ် ကတော်က ပြောကြားခဲ့သည်။

မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်ရေး အတွက် ပါတီစွဲများကို လျစ်လျူရှုကာ အတူပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း လူစီကလည်း ဆိုသည်။ ယခု ဆန္ဒပြပွဲတွင် သီရေဆာ ကိုယ်တိုင် ပါလာခြင်းမှာလည်း အလွန်အရေးပါသော ရပ်တည်ချက် အဖြစ် လူစီက ချီးကျူးခဲ့သည်။

ထိုကိစ္စသည် မြန်မာစစ် အာဏာရှင်များကို ယမ်းပုံမီးကျ ဒေါပွစေမည် ဆိုခြင်းအား မိမိတို့ သဘောပေါက် ကြောင်းလည်း လူစီက ပြောကြားသွားသည်။ သီရေဆာက ဒေါ်အောင်ဆန်းစုကြည်သည် ဩစတြေးလျနှင့် တကမာ္ဘလုံးမှ အမျိုးသမီးတိုင်း အတုယူရမည့် စံပြမိန်းမသား တဦးဖြစ်ကြောင်း ချီးကျူးခဲ့သည်။

မိမိတို့သည် အောင်ဆန်းစုကြည်အား ရည်ရွယ်ပြီး သူမနှင့် မြန်မာပြည်သူတို့ အတွက် ဩစတြေးလျ နိုင်ငံနှင့် တကမာ္ဘလုံးက ထောက်ခံ ရပ်တည်နေကြောင်း Message သဝဏ်လွှာကို ယခုနည်းဖြင့် ပေးပို့လိုက်ကြောင်း သီရေဆာက ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here