ဘလက်ခ် ဘယ်ရီ Storm 2 စတင် ရောင်းချမည်

alt

Blackberry ကုမ္မဏီမှ ထုတ်လုပ်သည့် နာမည်ကျော် Storm မိုဘိုင်းလ် ဖုန်း၏ ဒုတိယ Version ကို အောက်တိုဘာ (၂၈)ရက် နေ့တွင် စတင်ရောင်းချ တော့မည် ဖြစ်သည်။

Verizon က Storm 2 အား ထိုနေ့မှ စကာ စတိုးဆိုင်များ နှင့် သက်ဆိုင်ရာ ပြည်နယ် ဆိုင်ခွဲ ၀ဘ်ဆိုဒ် များတွင် ၀ယ်ယူ နိုင်တော့မည်ဟု အမေရိကားတွင် ကြေညာ လိုက်သည်။

ဖုန်းအသစ်တွင် Blackberry OS 5.0 ကို သုံးစွဲထားပြီး Built-in Wi-Fi စံနစ်ကိုလည်း ထည့်သွင်း ပေးထားသည်ဟု သိရှိရပြီး၊ iPhone နှင့် ဈေးကွက်တွင် အပြင်းအထန် ပြိုင်ဆိုင်နေသော Blackberry သည် Storm2 တွင် 3G Network စံနစ်ကို တပ်ဆင်ပေးထားပြီး Media Storage အတွက် 2GB ပမာဏကို Onboard တွင် ထည့်သွင်း ပေးထားလိုက်သည်။

Card Slot တခုပါ ပါ၀င်သော ယင်းဖုန်းတွင် ကင်မရာကို (3.2) megapixel အဆင့် ထည့်သွင်းထားပြီး (၃.၅) မီလီမီတာ Headphone jack လည်း ပါရှိသည်။ ဖုန်း ကင်မရာတွင် Image Stabilization စံနစ်ကိုပါ ဖြည့်စွက်ပေးထားပြီး အင်တာနက်ဖြင့် ၀ဘ်ဆိုဒ်များ ရှာဖွေ ရာတွင်လည်း ပိုမိုလျင်မြန် ချောမွေ့အောင် မွမ်းမံ ထားလိုက်ပြီ ဖြစ်သည်ဟု ကြေညာထားသည်။

ယင်းဖုန်းကို (၂)နှစ်ကြာ ငွေပေးသွင်း ၀ယ်ယူမှု ပြုလုပ်ပါက တန်ဖိုးအားဖြင့် (၁၇၉.၉၉) ဒေါ်လာဖြင့် ဈေးနှုန်းသတ်မှတ် ရောင်းချ သွားမည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here