တူရကီ နိုင်ငံတွင် အစ္စလာမ် ဘာသာဝင်တို့ ကန့်ကွက် စုရုံးဆန္ဒပြ

alt

တူရကီနိုင်ငံမှ အစ္စလာမ် ဘာသာဝင် (၅၀၀)ကျော် တို့သည် အောက်တိုဘာ (၂၆)ရက် နေ့က စုရုံးကာ ဂျေရုဆလင်ရှိ မြင့်မြတ်သော မြေတွင် အဓိကရုဏ်းများ ဖြစ်ပေါ်စေခဲ့သည့် အစ္စရေး နှင့် အာရပ် များအား

ဆန္ဒပြ ခဲ့ကြသည်။

၎င်းတို့သည် အစ္စရေး အလံတခုကို မီးရှို့ ဖျက်ဆီးခဲ့ကြပြီး မိမိတို့သည် Al-Aqsa ဗလီ ဝတ်ကျောင်း ကို ကာကွယ်သွားမည်ဟု ကြွေးကြော်ကြသည်။ တူရကီ ၀န်ကြီးချုပ် ရီဆပ်တေရစ် အာဒိုဂန် ကလည်း ထိုနေ့တွင်ပင် ဂါဇာဒေသ အတွင်း လက်နက် အားကိုးဖြင့် အစ္စရေးက ဗိုလ်ကျ အနိုင်ကျင့် နေကြောင်း စွပ်စွဲပြောကြား လိုက်သည်။

ယခုနှစ် အစောပိုင်းက အစ္စရေးနိုင်ငံသည် ပါလက်စတိုင်း နယ်မြေများကို ကျူးကျော် တိုက်ခိုက်ခဲ့ရာ ရလဒ် အနေနှင့် မည်ကဲ့သို့ ဖြစ်လာသည်ကို တကမာ္ဘလုံး သိမြင်ကြောင်း အာဒိုဂန်က ပြောကြားခဲ့သည်။ ထိုကိစ္စ နောက်ပိုင်း ပါလက်စတိုင်းနှင့် အစ္စရေးတို့၏ ဆက်ဆံရေး ပြန်လည် တင်းမာလာခဲ့ရာ ပါလက်စတိုင်း လူငယ်အချို့တို့က ဂျေရုဆလင်တွင် ဆန့်ကျင် ဆန္ဒပြသည်ကို အစ္စရေး ရဲတပ်ဖွဲ့က တားဆီးရာမှ ပြဿနာများ ပိုမိုဆိုးရွား လာခဲ့ရသည်။

တူရကီ နှင့် အစ္စရေးတို့၏ ဆက်ဆံရေးမှာလည်း အစ္စရေးက ဟားမတ် တို့အား ပါလက်စတိုင်း နယ်မြေထဲ အထိ ၀င်ရောက် ချေမှုန်းခဲ့သော စစ်ပွဲအပြီး ပိုမိုဆိုးရွား လာပြန်သည်။ တူရကီသည် ယခုလ အစောပိုင်းက အစ္စရေး ပိုင်းလော့များ ပါ၀င်ရန် စီစဉ်ခဲ့သော လေကြောင်းပြပွဲ တခုမှ ချက်ချင်း နှုတ်ထွက်ခဲ့သေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here