ရွှေဝါရောင် တော်လှန်ရေးတွင် သေဆုံးခဲ့ရသည့် ဂျပန် သတင်းထောက် ဓာတ်ပုံများ တရားဝင် ထွက်ပေါ်လာ

alt

 ရွှေဝါရောင် တော်လှန်ရေး ၂၀၀၇ ခုနှစ် စက်တင်ဘာ ကာလ အတွင်း မြန်မာ စစ်တပ်မှ ရန်ကုန် မြို့လယ် ခေါင်တွင် ပစ်သတ်မှုကို ခံခဲ့ရသော ဂျပန် သတင်းထောက် ကင်ဂျီနာဂအိ ၏

ဓာတ်ပုံများ တရားဝင် ထွက်ပေါ်လာပြီ ဖြစ်သည်။

နာဂအိ၏ ဓာတ်ပုံ (၅)ပုံကို မြန်မာ စစ်အစိုးရ တာဝန်ရှိသူ များက ရိုက်ကူး ခဲ့သည်ဟု ယူဆရပြီး သေနတ် ကျည်ဆန် ထိမှန်ပြီး ၎င်းကိုင်ဆောင် ထားသည့် ပစ္စည်း ကိရိယာများ နှင့်အတူ သေဆုံးနေသည့် နာဂအိ၏ အလောင်းကို ရိုက်ယူထားသော ပုံများပါ ပါ၀င်ခဲ့သည်။

ယခု ဓာတ်ပုံများကို DVB၊ Reuters နှင့် နော်ဝေးနိုင်ငံ၊ အော်စလိုမြို့ရှိ အမည် မဖော်လိုသော မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့တခု တို့က ပူးပေါင်း ဖြန့်ချီခဲ့ခြင်း ဖြစ်သည်။ ပုံများအနက် တခုတွင် နာဂအိ ကိုင်ဆောင်ခဲ့သော ကင်မရာ၊ ပတ်စ်ပို့၊ လက်ကိုင်အိတ် နှင့် ဆဲလ်ဖုန်း တို့ကိုပါ သီးသန့် ရိုက်ကူးထားကြောင်း သိရှိရသည်။

အသက်(၅၀) အရွယ် နာဂအိသည် ပြည်သူ လူထုအား အင်အားသုံး ဖြိုခွင်းနေသည့် မြန်မာ စစ်အစိုးရ လုံခြံုရေး တပ်ဖွဲ့ဝင်များအား မှတ်တမ်းတင် ဓာတ်ပုံရိုက်ရန် ကြိုးစားရာမှ စစ်သားတဦး၏ ပစ်ခတ်မှုကြောင့် (၂၀၀၇)ခုနှစ်၊ စက်တင်ဘာလ အတွင်း ကွယ်လွန်ခဲ့သည်။ မြန်မာ စစ်အစိုးရအား နာဂအိ၏ မိသားစုက သတင်းထောက်၏ အသုံးအဆောင်များကို ပြန်လည် ပေးအပ်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ပယ်ချခဲ့သည်။

အီမာဘာရီတွင် နေထိုင်သော နာဂအိ၏ မိခင် မီချီကိုက မြန်မာ စစ်အစိုးရအား မိမိ၏သား နောက်ဆုံး ကိုင်တွယ်ခဲ့သည့် ဗီဒီယို ကင်မရာ အပါအဝင် ပစ္စည်းများကို ပြန်လည် လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သော်လည်း ငြင်းပယ် ခံခဲ့ရကြောင်း၊ ယခု ရက်ပို်င်းအတွင်း မြန်မာ့ နိုင်ငံရေး မူဝါဒအချို့ ပြောင်းလဲလာသည်ဟု ခံစားရပြီး သားဖြစ်သူ၏ ပစ္စည်းများ ပြန်ရလာနိုင်မည်ဟု မျှော်လင့်မိကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here