MRTV-4 အစီအစဉ်များ အဆင့်မြှင့်တင် သွားမည်ဟု ဆို

alt

မြန်မာ စစ်အစိုးရ၏ MRTV-4 ရုပ်မြင်သံကြား အစီအစဉ် များကို ဖမ်းယူ ကြည့်ရှုရန် ပိုမို လွယ်ကူအောင် Upgrade ပြုလုပ် သွားမည်ဟု သိရှိ ရသည်။

ယခု ထုတ်လွှင့်နေသော စံနစ်ကို Ultra High အရည်အသွေးရှိ ကြိမ်နှုန်းဖြင့်သာ ဖမ်းယူနိုင်သော အခြေအနေမှ Very High ကြိမ်နှုန်းဖြင့်ပါ ဖမ်းယူ ကြည့်ရှုနိုင်ရန် လာမည့်နှစ် မတ်လမှ စတင်ကာ ဆောင်ရွက် သွားမည်ဟု Myanmar Online ကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ဆိုသည်။

MRTV-4 သည် အောင်မြင်မှု ရရှိနေသော Channel တခုဖြစ်ပြီး မြန်မာနိုင်ငံသား (၁၂)သန်း အထိ ကြည့်ရှုနေကြောင်း ကုမ္မဏီ၏ စာရင်းများအရ သိရှိရသည်။ MRTV-4 သည် ငွေပေးသွင်း ကြည့်ရှုရသော စံနစ်နှင့် အခမဲ့ ကြည့်ရှုခွင့်ပြုသော စံနစ်ဟူ၍ နှစ်မျိုး ခွဲခြားထားပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများနှင့် အခြားသော နီးစပ်ရာ ဒေသများမှ ဖမ်းယူ ကြည့်ရှုနိုင်သည်။

MRTV-4 အား မူလက အခပေး စံနစ်ဖြင့်သာ သီးသန့် အကောင်အထည် ဖော်ခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာ စစ်အစိုးရပိုင် MRTV နှင့် ပူးပေါင်းပြီး အခမဲ့ ထုတ်လွှင့်မှု Channel တခုပါ ထည့်သွင်း ခဲ့သည်။

ယင်း အစီအစဉ်တွင် အဓိက အားဖြင့် ဖျော်ဖြေရေး၊ ဗဟုသုတ နှင့် Sundaytalk ကဲ့သို့ အကြောင်းအရာ များကို (၈)နာရီကြာ (၃)ကြိမ်ဖြင့် (၂၄)နာရီ ဆက်တိုက် ထုတ်လွှင့် ပြသနေပြီး Forever Group က တာဝန်ယူ ထိန်းချုပ် ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here