ကာလင်း ဖလားပွဲတွင် ရမ်းကားခဲ့မှု အတွက် မန်ယူအသင်းအား စုံစမ်း စစ်ဆေးမှု ပြုလုပ်သွားမည်

alt

ကားလင်းဖလား စတုတ္ထအဆင့် ပွဲစဉ်များတွင် ပရိသတ်များ ရမ်းကားခဲ့မှု အတွက် မန်ချက်စတာ ယူနိုက်တက်အား အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် FA နှင့် တောင်ပိုင်း ယောက်ရှိုင်းယား ရဲတပ်ဖွဲ့ တို့က စုံစမ်းမှုများ ပြုလုပ်သွားမည်

ဖြစ်သည်။

ဘန်စလေအား အဝေးကွင်းတွင် ယူနိုက်တက်က (၂-၀)ဖြင့် သက်သောင့် သက်သာ အနိုင်ရ ခဲ့သော်လည်း ဒိုင်ဖြစ်သူ၏ ဆုံးဖြတ်ပုံကို မကျေနပ်သော ပရိသတ်များက ကွင်းထဲသို့ ပစ္စည်းများ ပစ်ပေါက်ကြရာ ယင်း ကိစ္စအတွက် အသင်းအား စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

မြောက်ဘက် ပွဲကြည့်စင်ရှိ ယူနိုက်တက် ပရိသတ် (၄၀၀၀)ကျော်တို့သည် ကွင်းလုံခြံုရေး ၀န်ထမ်းများအား အအေးဘူးများ၊ အစားအသောက် များဖြင့် ပစ်ပေါက်ခဲ့ပြီး ကမူးရှူးထိုး သောင်းကျန်းနေသော ပရိသတ် (၈)ဦးကို ရဲက ထိန်းသိမ်း ခဲ့ရသည်။ ထိုပြဿနာ အတွက် မိမိတို့သည် အပြည့်အဝ စုံစမ်းမှုများ ပြုလုပ်သွားမည်ဟု ဘန်စလေမှ တာဝန်ရှိသူ တဦးက ဆိုသည်။

ယခုနှစ် ကားလင်း ဖလားပွဲသည် ပြဿနာ ထွေပြားမှုများ ဖြစ်ပေါ်ခဲ့သော သာဓက ရှိပြီး ၀က်စ်ဟမ်း ယူနိုက်တက် နှင့် မီဝေါတို့ တွေ့ဆုံသည့် ဒုတိယ အဆင့် ပွဲစဉ်မှာ အဆိုးဆုံး ရန်ပွဲများအနက် တခုအဖြစ် ပါ၀င်ခဲ့သည်။

ယူနိုက်တက်နှင့် ဘန်စလေ တို့ပွဲတွင် ယူနိုက်တက် အသင်းခေါင်းဆောင် ဂယ်ရီနေးဗဲ ထုတ်ပယ် ခံရသော်လည်း ဒင်နီဝဲဘတ် နှင့် မိုက်ကယ်အိုဝင် တို့၏ သွင်းဂိုးများကြောင့် ဧည့်သည် အသင်းကပင် အနိုင်ရရှိ သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here