တံတား ကျိုးသဖြင့် မလေးရှား ကျောင်းသူကျောင်းသား ကလေးငယ်များ သေဆုံး

alt

တံတားတခု ကျိုးကျ သွားခြင်းကြောင့် မလေးရှား နိုင်ငံရှိ ကျောင်းသူ ကျောင်းသား ကလေးငယ်များ ရေနစ် သေဆုံးကုန်ပြီဟု ယူဆရသော အခြေအနေ တရပ်နှင့် တွေ့ကြံုခဲ့ရသည်။

အောက်တိုဘာ (၂၆)ရက်နေ့ ဒေသစံတော်ချိန် နံနက်(၁၀) နာရီက မူလတန်း ကျောင်းများမှ စုပေါင်းပြီး လေ့လာရေး ခရီး ထွက်လာသော ကလေးငယ် များသည် ဆောက်လုပ်ဆဲ တံတားတခုသို့ သွားရောက် ကြည့်ရှုစဉ် တံတား ကျိုးကျမှုနှင့် ကြံုခဲ့ရခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့၏ ဒုတိယ ထောက်လှမ်းရေးမှူးချုပ် အစ်ဇမေးအိုမာ က အလောင်း (၄)လောင်းကို ဆယ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားလိုက်ပြီး၊ ပျောက်ဆုံးနေသော ကလေးဦးရေမှာ (၂၁)ဦးဟု ခန့်မှန်းထားပြီး အသက် (၁၃)နှစ်အောက် အရွယ်များသာ ဖြစ်ကြသည်။

ယခုအခါ ကယ်ဆယ်ရေး လုပ်သားများသည် ယင်းနေရာနှင့် အနီးတဝိုက်ကို ပိုက်စိတ်တိုက် ရှာဖွေနေကြသည်။ အမှန်အားဖြင့် ပျောက်ဆုံးသူ အရေအတွက်ကို တိတိကျကျ မသိရသေးကြောင်း အခင်းဖြစ်ပွားရာ ကူအာလာဒီပန်ရှိ အုပ်ချုပ်ရေး အဖွဲ့က ဆိုသည်။ အခင်း ဖြစ်ပွားချိန်တွင် မူလတန်းကျောင်း (၆၀)မှ ကျောင်းသား၊ ကျောင်းသူ (၂၉၈) ဦးတို့ ရှိနေပြီး ကွာလာလမ်ပူ မြို့တော်မှ လေ့လာရေးခရီး ထွက်လာပြီး (၂) နာရီအကြာတွင် ကြေကွဲဖွယ် အဖြစ်ဆိုးနှင့် ကြံုရခြင်းဖြစ်သည်။

တံတား ပြိုကျချိန်တွင် အနားကပ်နေသူ ကလေးငယ်များမှာ (၃၀) မှ (၅၀) အထိ ရှိနိုင်ကြောင်း ဆရာ၊ဆရာမ များကဆိုသည်။ ကယ်ဆယ်ရေး ၀န်ထမ်းများသည် အောက်တိုဘာ (၂၇)ရက်နေ့ နံနက်ပိုင်းထိ လူ(၂၀)ကို ကယ်တင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here