လေဒီဂါဂါ Monster ပုံစံဖြင့် ဝတ်ဆင် ဖျော်ဖြေမည်

alt

နိုဝင်ဘာလ ၂၇ရက် နေ့တွင် ကနေဒါနိုင်ငံ မွန်ထရီယယ်မှ စတင် ဖျော်ဖြေမည့် သူမ၏ ဖျော်ဖြေပွဲတွင် Monster ပုံစံ ၀တ်စုံမျိုးကို ၀တ်ဆင်ရန် ရွေးချယ် ထားကြောင်း လေဒီဂါဂါ က တရားဝင် ထုတ်ဖေါ်ပြောကြား လိုက်သည်။

Paparazzi သီချင်း အဆိုတော် ဂါဂါသည် နောက်လအတွင်း ကျင်းပမည့် သူမ၏ ကနေဒါနှင့် အမေရိကားတခွင် နယ်လှည့် ဖျော်ဖြေပွဲကို Monster Ball ဟု အမည် ပေးထားသည်။

Rolling Stone မဂ္ဂဇင်းတွင် အဝတ်အစား အဆင်အပြင် ထူးခြားမှုကြောင့် နာမည်ကြီးသည့် အသက် (၂၃)နှစ် အရွယ် အဆိုတော်မလေးက သူမသည် ဂီတအပြင် ဖက်ရှင်ကိုလည်း အဆန်းထွင် ၀တ်ဆင်ရန် အမြဲ ကြံစည်နေကြောင်း၊ သူမ၏ ယခင် ဖျော်ဖြေပွဲ Fame Ball နှင့်မတူဘဲ ယခု ဖျော်ဖြေပွဲကို ပုံစံတမျိုးဖြင့် တင်ဆက်လိုကြောင်း ပြောကြားခဲ့သည်။

ယခု ဖျော်ဖြေပွဲတွင် ပရိသတ်များ အနေနှင့် အိမ်တွင် ကျင်းပသော ပါတီပွဲ တခုကဲ့သို့ ရင်းရင်းနှီးနှီး အသားတကျ ဖြစ်နေ စေလိုကြောင်းလည်း ဂါဂါက ဆိုသည်။ ဂါဂါသည် ယခုလ အစောပိုင်းက ကာလ ကြာရှည်စွာ ကြိုတင် စီစဉ်ထားသည့် Fame Kills အမည်ရှိ ဖျော်ဖြေပွဲကို ကင်ညာဝက်စ် နှင့်တွဲပြီး ဖျော်ဖြေရန် စီစဉ်ခဲ့သေးသော်လည်း ကိစ္စတခုကြောင့် ဖျက်သိမ်းခဲ့ရသည်။

၀က်စ်သည် MTV ဗီဒီယိုဆုကို တေလာဆွစ် လက်ခံယူစဉ် ထိုဆုနှင့် မထိုက်တန်ကြောင်း ကန့်ကွက် ဝေဖန်ရာမှ လူအများ မုန်းတီးမှုကို ခံရပြီး ထိုပွဲတွင် ပြဿနာ တက်လာနိုင်သဖြင့် ယခုလို ဖျက်သိမ်းခဲ့ရခြင်း ဖြစ်သည်။ ထိုကိစ္စအတွက် စိတ်မကောင်း ဖြစ်မိသော်လည်း သူမ၏ ဖျော်ဖြေပွဲ အတွက် သီးသန့် အာရုံစိုက်ရန် အချိန် ပိုရလာသည့် အတွက် တဖက်မှလည်း ကျေနပ်စရာ ဖြစ်ခဲ့ကြောင်း ဂါဂါက ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here