အမေရိကန် စစ်ဖက်သုံး ကွန်ရက်အတွင်း ထိုးဖောက် ဝင်ရောက်သူ Hacker အား စီရင်ချက် ချရေး ဆိုင်းငံ့ထား

alt

အမေရိကန် စစ်ဖက် ကာကွယ်ရေး အင်တာနက် ကွန်ရက် အတွင်း ထိုးဖောက် ၀င်ရောက်ခဲ့သူ Hacker ဂယ်ရီ မက်ကင်နွန်အား အပြီးသတ် စီရင်ချက် ချမှတ်ရေးကို

ဆိုင်းငံ့ ထားလိုက်ကြောင်း သိရှိရသည်။

အမိမြေ လုံခြံုရေးဌာန အတွင်းရေးမှူး အလန်ဂျွန်ဆင် က ဂယ်ရီသည် ကျန်းမာရေး ဆိုးရွား နေကြောင်း ၎င်း၏ ရှေ့နေက လျှောက်ထား ခဲ့ခြင်းကြောင့် လူ့အခွင့်အရေး ဥပဒေပုဒ်မ (၃) အရ ဆေးစစ်မှုတခု ပူးတွဲတင်ပြခွင့် ပြုရန် အချိန် ပေးထားကြောင်း ပြောကြားသွားခဲ့သည်။

ဂယ်ရီ၏ ရှေ့နေများသည် နာမည်ကြီး Hacker မှာ Asperger’s Syndrome ရောဂါ စွဲကပ်နေကြောင်း လျှောက်ထားပြီး ဆေးဝါး စစ်ဆေးမှုဖြင့် သက်သေပြရန် တရားသူကြီးအား လျှောက်ထားခဲ့ခြင်း ဖြစ်သည်။ အသက် (၄၃)နှစ် အရွယ် ဂယ်ရီနှင့် ၎င်း၏အဖော် ဒေးဗစ်ဘာရိုး တို့သည် အမေရိကန်၏ ကာကွယ်ရေး ကွန်ရက်ဆိုင်ရာ ဥပဒေများအရ နှစ်ရှည်ထောင်ဒဏ် ကျခံရဖွယ် ရှိနေသည်။

ဂယ်ရီ ကမူ ၎င်းသည် အမေရိကန် စစ်ဖက် ကွန်ပျူတာများ အတွင်း သိုမှီးထားသည့် ပန်းကန်ပြားပျံ ဆိုင်ရာ အချက်အလက် များကိုသာ ရှာဖွေ လေ့လာခဲ့ကြောင်း ပြောကြား ဝန်ခံထားခဲ့သည်။

(၂၀၀၅) ခုနှစ် အတွင်း ဂယ်ရီသည် BBC သတင်းဌာနနှင့် အင်တာဗျူး ပြုလုပ်ခဲ့ပြီး မိမိသည် အမေရိကန် စစ်တပ် ကွန်ပြူတာ များတွင် Windows စံနစ်ကို အသုံးပြုကြောင်း သတိထားခဲ့ပြီး နောက် Hack လုပ်ရန် နည်းလမ်းများကို စဉ်းစားမိကြောင်း၊ စစ်ဖက်ဆိုင်ရာ ကွန်ပျူတာ ကွန်ရက်သည် ထင်သလောက် လုံခြံုမှု မရှိကြောင်း ဝေဖန်ပြောဆို ခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here