This Is It စတင် ပြသသည့် အခမ်းအနား မိုက်ကယ်ဂျက်ဆင်၏ မိသားစုများ တက်ရောက်မည်

alt

အောက်တိုဘာလ (၂၈)ရက် နေ့တွင် ပြုလုပ် ကျင်းပသည့် တကမာ္ဘ လုံးသို့ ဖြန့်ချီမည့် မိုက်ကယ် ဂျက်ဆင်၏ ဖျော်ဖြေပွဲ လေ့ကျင့်မှု မှတ်တမ်းရုပ်ရှင် This Is It စတင် ပြသမှု အခမ်းအနား

သို့ ဂျက်ဆင်၏ မိသားစုများ တက်ရောက် ကြမည် ဖြစ်သည်။
လော့စ်အိန်ဂျယ်လိစ် အထူးပွဲသို့ ဂျက်ဆင်၏ ညီအစ်ကိုများ ဖြစ်သော ဂျာမိန်း၊ မယ်လွန်၊ တီတိုး နှင့် ရန်ဒီ တို့ တက်ရောက်မည် ဖြစ်ပြီး အခြားသော မိသားစုဝင် များသည် မြို့ကြီး (၁၈)မြို့ခွဲကာ ပထမဆုံး ပြသမှုကို တက်ရောက် ကြည့်ရှုမည် ဖြစ်သည်။
ထိုရုပ်ရှင်နှင့် ပတ်သက်ပြီး ဒါရိုက်တာ ကင်နီ အော်တေဂါက ၎င်းတို့၏ အကောင်းဆုံး သူငယ်ချင်းနှင့် ခေါင်းဆောင် ဖြစ်သူ၏ နောက်ဆုံး အခိုက်အတန့် အမှတ်တရ လှုပ်ရှားမှု များဟု ကင်ပွန်းတပ် ခဲ့သည်။ ထိုရုပ်ရှင်ကို ဂျက်ဆင်၏ ဗြိတိန်နိုင်ငံတွင် ကျင်းပမည့် This Is It ဖျော်ဖြေပွဲအတွက် အစမ်းလေ့ကျင့် ခဲ့သည့် နာရီပေါင်း (၁၁၀) မှ ထုတ်နှုတ် တင်ဆက်ထားခြင်း ဖြစ်သည်။
သို့သော်လည်း ယင်း ဇာတ်ကားသည် ဂျက်ဆင်၏ ကျန်းမာရေး ဆိုးရွားနေမှုကိုပင် မထောက်ညှာဘဲ ငွေကြေး အကျိုးအမြတ် တခုထဲကိုသာ ကြည့်ကာ ရိုက်ကူး ထားသည်ဟု ဆိုကာ ပရိသတ် အချို့က ရုပ်ရှင်ရုံများ ရှေ့တွင် ဆန္ဒပြခဲ့ ကြသေးသည်။
ဂျက်ဆင်သည် ကမာ္ဘ့ သမိုင်းတွင် အယ်လ်ဘမ် ရောင်းချရမှု စံချိန် တင်ထားသူ ဖြစ်ပြီး ဇွန်လ(၂၅)ရက် နေ့က အသက်(၅၀) အရွယ်တွင် နာကျင်မှု သက်သာစေသော ဆေးဝါးများ အတိုင်းအဆ မရှိ သုံးစွဲရာမှ နှလုံး ထိခိုက်မှုဖြင့် ကွယ်လွန်ခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here