ဗြိတိန် သူနာပြုများအား A/H1N1 တုပ်ကွေး ကာကွယ်ဆေး ကြိုတင် ထိုးနှံပေးမည်

alt

လူနာများနှင့် ထဲထဲဝင်ဝင် ထိတွေ့ ဆက်ဆံ နေရသော သူနာပြု များအား H1N1 တုပ်ကွေး ကာကွယ်ဆေး ကြိုတင် ထိုးနှံ ပေးသွားမည်ဟု ဗြိတိန်နိုင်ငံ အမျိုးသား ကျန်းမာရေး ၀န်ဆောင်မှု ဌာနက အတည်ပြု

ပြောဆို လိုက်သည်။

လာမည့် ဆောင်းတွင်း တုပ်ကွေးရာသီ မတိုင်မီတွင် နိုင်ငံတဝှမ်းရှိ ဆေးရုံ ဆေးခန်း များမှ သူနာပြု များကို ကာကွယ်ဆေး ထိုးပေးရေး ဆောင်ရွက်သွားမည် ဖြစ်သည်။ ကျန်းမာရေး ဌာနက တမျိုးသားလုံး ကာကွယ်ဆေး ထိုးပေးရေး စီမံကိန်းကို အပြင်းအထန် တွန်းအားပေး ဆောင်ရွက် သွားမည်ဟု ကတိပြု ကြေညာ ထားပြီဖြစ်သည်။

သူနာပြုများသည် လူနာများနှင့် အနီးကပ်ဆုံး အခြေအနေဖြင့် ပြုစုရသဖြင့် ရောဂါကူးစက်ရန် အခြေအနေ အများဆုံးတွင် ရှိနေသောကြောင့် ယခု စီမံကိန်းကို ဖော်ဆောင်ရန် ယခင် ကတည်းက တောင်းဆိုမှုများ ရှိခဲ့သည်။

ဗြိတိန်တွင် ဆေးဘက်ဆိုင်ရာ ၀န်ထမ်းများ အမြောက်အမြား ရှိနေပြီး တတ်နိုင်သမျှ အမြန်ဆုံး ကာကွယ်ဆေး ထိုးပေးရန် အေဂျင်စီက ကြံရွယ်ထားသည်။ ယခု စီမံကိန်းအရ ချဲလ်ဆီးနှင့် ၀က်စမစ်နစ်စတန် ဆေးရုံများတွင် ကာကွယ်ဆေး ထိုးနှံမှုကို အောက်တိုဘာ (၂၇)ရက် နေ့က စတင် ဆောင်ရွက်နေပြီဟု သိရှိရသည်။

ဗြိတိန်တွင် ထိုနေ့အထိ H1N1 ကူးစက်ခံရသူ (၁၆၉၄၅)ဦး ရှိနေပြီး သေဆုံးသူ ဦးရေမှာ (၁၃၀) အထိ မြင့်တက် လာခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here