အာဆင်နယ် အသင်း၏လက်ရှိ အခြေအနေအား ဖာဘရီဂက် ကျေနပ်

alt

ကစားသမား ကောင်းများ ၀ယ်ယူခြင်း မရှိသည့်အတွက် ပရိသတ်များက ဝေဖန် နေသည့်တိုင် အာဆင်နယ်အသင်း ကပ္ပတိန် ဆက်ဖာဘရီဂက် က ထို အခြေအနေ သည်ပင် အသင်း၏ ချန်ပီယံ ဆွတ်ခူးရေး လမ်းကြောင်းကို

ပိုမို ဖြောင့်ဖြူး စေသည်ဟု ရှုမြင်လျှက် ရှိသည်။

အသက် (၂၁)နှစ် အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူက ယခုအခါ အင်္ဂလန်ရှိ အာဆင်နယ်၏ ပြိုင်ဘက် အသင်းကြီးများမှာ ချန်ပီယံဘွဲ့ ဆွတ်ခူး ရရှိရေး အတွက် မိမိတို့ထက် ပိုမို ဖိအားများသော အခြေအနေနှင့် ရင်ဆိုင် နေရကြောင်း သုံးသပ်ခဲ့သည်။

အာဆင်နယ် အသင်းသည် အောက်တိုဘာ (၂၅)ရက် နေ့က ၀က်စ်ဟမ်း ယူနိုက်တက်အား (၂)ဂိုးပြတ်ဖြင့် ဦးဆောင်နေပြီးမှ ချေပဂိုးများ ပေးလိုက် ရသောကြောင့် (၂)ဂိုးစီ သရေ ရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ သို့သော်လည်း အာဆင်နယ် ကစားသမားများသည် မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူး၊ ချဲလ်ဆီး နှင့် ကုဋေကြွယ် သူဌေးများပိုင်သည့် မန်ချက်စတာ စီးတီး တို့မှ အသင်းသား များထက် ဖိအားနည်းစွာ ကစားရပြီး ပိုမိုလည်း ခြေစွမ်းပြ လာနိုင်သည်ဟု ဖာဘရီဂက်က သုံးသပ်ခဲ့သည်။

အာဆင်နယ်သည် အသင်းကြီး တသင်းဖြစ်ကြောင်း၊ ကာလ အတိုင်းအတာ တခုအထိ ရုန်းကန် နေရသော်လည်း အချိန်တန်လျင် ထိပ်ဆုံး အဆင့်သို့ ပြန်ရောက် လာမည်ဟု မိမိ ယုံကြည်ကြောင်း ဖာဘရီဂက် က ဆိုသည်။

၎င်းက မဖြစ်နိုင်သော အရာဟူ၍ မရှိကြောင်းနှင့် မိမိတို့သည် နောက်ဆုံး အချိန်ထိ ချန်ပီယံဘွဲ့ အတွက် တိုက်ပွဲ ၀င်သွားမည် ဖြစ်ကြောင်းလည်း ဆက်လက် ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here