ယမန်နေ့က အာဖဂန်နစ္စတန်တွင် အမေရိကန်စစ်တပ် ရဟတ်ယာဉ်များ အချင်းချင်း တိုက်မိ၍ ၁၄ဦးသေဆုံး

alt

အာဖဂန်နစ္စတန်တွင် တာဝန်ထမ်းဆောင် နေသည့် အမေရိကန် စစ်တပ်မှ  ရဟတ်ယာဉ် ၂စင်း မတော်တဆမှု အတွင်း လူ(၁၄)ဦး သေဆုံးသွားကြောင်း သိရသည်။

အမေရိကန် စစ်ဖက်မှ ရဟတ်ယာဉ်နှစ်စင်း လေထဲတွင် တိုက်မိခဲ့ရာ စစ်သား(၄)ဦး သေဆုံးသွားကြောင်း တာဝန်ရှိသူ များက ဆိုသည်။

အောက်တိုဘာ (၂၆)ရက် နေ့က ဖြစ်ပွားခဲ့သော မတော်တဆ ဖြစ်မှုအတွက် အသေးစိတ် စုံစမ်းမှုများ ပြုလုပ်နေပြီး အကြောင်းရင်းကို တိတိကျကျ မသိရှိရ သေးကြောင်း NATO တပ်ဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောကြားခဲ့သည်။ ရဟတ်ယာဉ် အချင်းချင်း တိုက်မိချိန်တွင် နောက်ထပ်စစ်သည် (၂)ဦးမှာ ဒဏ်ရာများ ရရှိသွားပြီး ၎င်းတို့ကို ဆေးရုံသို့ ချက်ချင်းပို့ဆောင် ပေးခဲ့ရကြောင်း သိရှိရသည်။

နိုင်ငံ၏ တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ယင်း ရဟတ်ယာဉ်ချင်း တိုက်မိမှု ဖြစ်ပွားပြီး မရှေးမနှောင်း တွင်ပင် နိုင်ငံအနောက်ပိုင်း ဒေသအတွင်း စစ်ရေးတာဝန် ထမ်းဆောင်နေသော ရဟတ်ယာဉ် တစင်း ပျက်ကျခဲ့ရာ နောက်ထပ်လူ (၁၀)ဦး သေဆုံးသွားကြောင်း အမေရိကန် စစ်ဖက်က ထပ်မံကြေညာ ခဲ့ပြန်သည်။ သေဆုံးသူများ အနက် (၇)ဦးသည် စစ်သားများဖြစ်ပြီး (၃)ဦးမှာ အရပ်သားများ ဖြစ်ကြောင်း သိရသည်။

ရဟတ်ယာဉ် ပျက်ကျမှုမှာ ရန်သူက ပစ်ခတ်ခြင်းကြောင့်ဟု သတင်း ထွက်နေသော်လည်း တိတိကျကျ အတည်မပြု နိုင်သေးချေ။ ထိုဖြစ်ရပ် အတွင်း အမေရိကန် (၁၂)ဦးနှင့် အာဖဂန် တပ်ဖွဲ့ဝင် (၁၄)ဦးတို့ ဒဏ်ရာများ ရရှိခဲ့ကြသည်။

ယခုနှစ်သည် အာဖဂန်ရောက် နိုင်ငံတကာ စစ်သည်များ အတွက် အသေအပျောက် အမြင့်မားဆုံး နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး (၂၀၀၁)ခုနှစ် နောက်ပိုင်း အမေရိကန်နှင့် နိုင်ငံတကာ တပ်များ ယင်း တိုင်းပြည်သို့ ၀င်ရောက်တိုက်ခိုက် ခဲ့သည့်နောက် အမေရိကန် တပ်သားများ အကျအဆုံး အများဆုံးနှစ်လည်း ဖြစ်လာခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here