U2 အဖွဲ့ ဖျော်ဖြေပွဲ အင်တာနက်မှ တိုက်ရိုက်ကြည့်ရှုခွင့် လက်မှတ်မျာ စံချိန်တင် ရောင်းချရ

alt

U2 တေးဂီတ အဖွဲ့သည် အောက်တိုဘာ (၂၅)ရက် နေ့က အိုင်ယာလန် နိုင်ငံ၊ ဒဗ္ဗလင် မြို့တွင် ကျင်းပသော ဖျော်ဖြေပွဲ အတွက် အင်တာနက်မှ တိုက်ရိုက် ကြည့်ရှုခွင့်

လက်မှတ် များကို ရောင်းချခဲ့ရာ စံချိန်တင် ပရိသတ် အဖြစ် လက်မှတ်ပေါင်း (၉၆၀၀၀) ကို ရောင်းချ ခဲ့ရကြောင်း သိရှိရသည်။

YouTube က စပွန်ဆာ တာဝန်ယူ ပြသခဲ့သော ယင်း Live Show အစီအစဉ် သည် U2 ၏ 360° ဖျော်ဖြေပွဲ၏ အစိတ်အပိုင်း တခုလည်း ဖြစ်သည်။ နာမည်ကျော် ယင်း ဂီတအဖွဲ့သည် ၎င်းတို့၏ ပရိသတ် အကြိုက် သီချင်းများ ဖြစ်သည့် With of Without You၊ I Still Haven’t Found What I’m Looking For နှင့် Where the Streets Have No Name တို့ကို ထည့်သွင်း ဖျော်ဖြေ သွားခဲ့ကြသည်။

YouTube ၏ ဂီတဆိုင်ရာ ကဏ္ဍ မန်နေဂျာ မိုက်ကယ် ဖလန်နရီ က မိမိတို့ ၀ဘ်ဆိုဒ်သည် YouTube နှင့် သမိုင်းဝင် ပူးပေါင်းမှု တခု ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယခု အောင်မြင်မှုအရ YouTube ၏ ကျော်ကြားမှုကို ခန့်မှန်း သိရှိနိုင်ကြောင်း ချီးကျူးခဲ့သည်။

YouTube သည် Live Show များကို တိုက်ရိုက်ပြသရာ အင်တာနက် ၀ဘ်ဆိုဒ်အဖြစ် ဆောင်ရွက်ခဲ့ခြင်းသည် ယခုတကြိမ် ပထမဆုံး မဟုတ်ပေ။ (၂၀၀၈) ခုနှစ်၊ နိုဝင်ဘာလက YouTube ၏ တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်တွင် ကိတ်ပယ်ရီ၊ Black Eyed Peas နှင့် Rap အဆိုတော် will.i.am တို့၏ တိုက်ရိုက် ဖျော်ဖြေမှုအတွက် လက်မှတ်များ ရောင်းချခဲ့သေးသည်။

သို့သော်လည်း U2 အဖွဲ့ ကမူ အင်တာနက်မှ တဆင့် တိုက်ရိုက် ကြည့်ရှုခွင့်ပေးသော ဖျော်ဖြေပွဲများ သမိုင်းတွင် စံချိန်တင် ပရိသတ် အရေအတွက် အထိ ရောက်ရှိခဲ့ကြောင်း YouTube က တရားဝင် ကြေညာသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here