တူနီးရှားနိုင်ငံ လက်ရှိ ခေါင်းဆောင် ရွေးကောက်ပွဲတွင် ငါးကြိမ်ဆက်တိုက် အနိုင်ရ

alt

တူနီးရှားနိုင်ငံ လက်ရှိ သမ္မတ ဇိုင်းအယ်အဘီဒိုင်း ဘန်အလီ သည် ရွေးကောက်ပွဲတွင် (၅)ကြိမ်မြောက် ဆက်တိုက် အနိုင် ရရှိသွားကြောင်း သိရှိရသည်။

တရားဝင် ကြေညာချက်များက သမ္မတသည် မဲအရေအတွက် စုစုပေါင်း၏ (၉၀) ရာခိုင်နှုန်း နီးပါးကို ရရှိသွားကြောင်း ဖော်ပြထားကြသည်။

ယခုအခါ ဘန်အလီသည် တူနီးရှား သမ္မတ ရာထူးကို နောက်ထပ် (၅)နှစ် ဆက်လက် ထမ်းဆောင်ဦးမည် ဖြစ်ပြီး၊ အာဖရိက ယူနီယံ၏ ကြေညာချက်တွင် အောက်တိုဘာ (၂၅)ရက် နေ့က ပြုလုပ်သွားသော ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု အပြည့်ရှိကြောင်း ပါရှိခဲ့သော်လည်း အတိုက်အခံ များကမူ မရိုးသားမှုများ ရှိနေကြောင်း အရေးဆို ကန့်ကွက် ထားကြသည်။

အတိုက်အခံ များက ၎င်းတို့သည် ရွေးကောက်ပွဲ ကျင်းပနေစဉ်အတွင်း မျှတစွာ ရွေးချယ်ခွင့် မရခဲ့ဟု ပြောကြားကန့်ကွက် နေသော်လည်း ဘန်အလီ ရွေးကောက်ပွဲတွင် ထပ်မံ အနိုင်ရသကဲ့သို့ လက်ရှိအာဏာရ ဒီမိုကရက် စုစည်းမှုပါတီ ကလည်း လွှတ်တော်တွင် အမတ်နေရာ အများစုကို ရယူနိုင်ခဲ့သည်။

ဘန်အလီသည် လွန်ခဲ့သော (၂၃)နှစ် ကတည်းက တူနီးရှား သမ္မတ ရာထူးကို လက်ခံရယူခဲ့ပြီး ယခုတကြိမ် ရွေးကောက်ပွဲ အောင်မြင်မှုသည် ၎င်းအတွက် ပဥ္စမအကြိမ်မြောက် ဖြစ်လာခဲ့ရသည်။ သို့သော်လည်း ယခုနှစ် မဲရလဒ်သည် ၎င်း၏ ရွေးကောက်ပွဲ အနိုင် ရလဒ်များတွင် မဲအရေအတွက် အနည်းဆုံးလည်း ဖြစ်ချေသည်။ ဘန်အလီသည် (၂၀၀၄)ခုနှစ် ရွေးကောက်ပွဲတွင် မဲရလဒ် (၉၅) ရာခိုင်နှုန်းကို ပိုင်ဆိုင် နိုင်ခဲ့ကြောင်း သတင်းများတွင် ဖေါ်ပြကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here