အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု စစ်ရာဇဝတ် တရားခံ ကရာဇစ် အမှုစတင် စစ်ဆေးပြီ

alt

ကာလ ရှည်ကြာစွာ စောင့်ဆိုင်း နေခဲ့ရသည့် ဆဘ် သားသတ်သမား ရိုဒိုဗန် ကရာဇစ် ကျူးလွန်ခဲ့သော လူမျိုးရေး အစုလိုက် အပြံုလိုက် သတ်ဖြတ်မှု များအား ကြားနာ စစ်ဆေး

မည့် တရားခွင်ကို အောက်တိုဘာ (၂၆)ရက် နေ့တွင် စတင်လိုက်ပြီ ဖြစ်သည်။

ဟော်လန်နိုင်ငံ၊ သည်ဟိဂ် မြို့တွင် ပြုလုပ်မည့် တရားရုံး စစ်ဆေးမှုများ အတွင်း ဆာဘီးယားနှင့် ဘော့စနီးယား စစ်ပွဲကာလအတွင်း လူမျိုးရေး သတ်ဖြတ်မှု များကို ရက်ရက်စက်စက် ကျူးလွန်ခဲ့သော ကရာဇစ် ၏ ပြစ်မှုများကို ဖော်ထုတ် သွားနိုင်ရန် မျှော်လင့် ထားကြသည်။

(၁၄)နှစ် လုံးလုံး ပုန်းရှောင်နေခဲ့သည့် ကရာဇစ်၏ အမှုကို တောင်ကိုရီးယား နိုင်ငံမှ တရားသူကြီး အိုဂွန်ကွမ်၊ ဗြိတိန်မှ ဟောင်းဝပ် မော်ရစ်ဆင် နှင့် ထရီနီဒက်၊ တိုဘားဂိုး မှ မာလီဗီဘရိတ် တို့က ကြားနာ စစ်ဆေးသွားမည် ဖြစ်သည်။ အသက် (၆၄)နှစ် ရှိပြီဖြစ်သည့် ကရာဇစ်သည် ကိုယ်တိုင် ကာကွယ်လျှောက်ထားရန် တောင်းဆို ထားသူဖြစ်ပြီး တရား ရင်ဆိုင်ရန် အချိန်ယူ လိုသဖြင့် တရားခွင်အား ခေတ္တ ရွှေ့ဆိုင်းပေးရန် တောင်းဆို ခဲ့သေးသော်လည်း ပယ်ချခြင်း ခံခဲ့ရသည်။

သို့တိုင်အောင် ကရာဇစ် ၏ အမှုသည် (၂၀၁၂) ခုနှစ် အထိ ကြာမြင့်နေနိုင်ကြောင်း လေ့လာသူများက သုံသပ်ကြပြီး၊ ကရာဇစ်သည် လူမျိုးရေး သတ်ဖြတ်မှု စွဲချက်ပေါင်း (၁၁) ခုဖြင့် ကြံုတွေ့ နေရပြီး ၎င်းအုပ်စိုးသည့် (၁၉၉၂) နှင့် (၁၉၉၅)ခုနှစ် များအတွင်း လူသားချင်း မစာနာသော ရက်စက်စွာ အစုလိုက်အပြံုလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ပြီး မွတ်ဆလင် ဘာသာဝင် (၁၀၀၀၀) ကျော်ကို သတ်ပစ်ခဲ့သဖြင့် ဆားဘီးယား၏ သားသတ်သမား၊ အရှေ့ဥရောပ၏ အဒေါ့ဖ် ဟစ်တလာ စသည့် နာမည်ဆိုး များဖြင့် ကျော်ကြား နေသူဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here