ရှုံးပွဲ ကြံုနေသော်လည်း အောင်မြင်မှု ရယူနိုင်သည်ဟု အေစီမီလန် ဒုတိယဥက္ကဌ ပြောကြား

alt

အသင်း အနေနှင့် ဝေဖန်မှုများ ခံနေ ရသည့်တိုင် အေစီမီလန်သည် ယခုနှစ် ဘောလုံး ရာသီတွင် မည်သည့် အရာကိုမဆို အောင်မြင်မှု ရယူ နိုင်သော စွမ်းအား ရှိနေသည်ဟု

မိမိ ယုံကြည်ကြောင်း အသင်း ဒုတိယ ဥက္ကဌ အေဒရီယာနို ဂယ်လီယာနီ က ပြောကြား လိုက်သည်။

မီလန်သည် ရာသီ အစတွင် ရှုံးပွဲများ ဆက်တိုက် ကြံုနေသဖြင့် ပရိသတ်၏ ဖိအား ပေးမှုများနှင့် ရင်ဆိုင် ခဲ့ရသော်လည်း ဥရောပ ချန်ပီယံလိဂ် တွင် စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ် အား အဝေးကွင်းတွင် အနိုင် ရရှိပြီးနောက် ပြန်လည် ခြေမှန်လာခဲ့ပြီ ဖြစ်သည်။

အသင်း အနေနှင့် ရီကာဒိုကာကာ ကဲ့သို့ အထင်ကရ ကစားသမားကို ဆုံးရှုံး ထားသော်လည်း ထို တဦးတည်းကြောင့် ယိမ်းယိုင်သွားမည် မဟုတ်ကြောင်း ဂယ်လီယာနီ က ဆိုသည်။ Sky Sports နှင့် အင်တာဗျူးတွင် ဂယ်လီယာနီက အသင်းဥက္ကဌ နှင့် အီတလီ ၀န်ကြီးချုပ်ဖြစ်သူ ဆီဗီယို ဘာလူစကိုနီ သည် အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်တော့ ဆိုသည့် ခန့်မှန်းဖော်ပြချက် များမှာလည်း သတင်းမှားများ ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။

ထို့အပြင် ဂယ်လီယာနီက ရီးရဲလ်မှ ပြောင်းရွှေ့လာပြီး အသင်းတိုက်စစ်တွင် ရုန်းကန်နေရသည့် ဟော်လန် လက်ရွေးစင် ကလက်ဂျန် ဟန်တယ်လား နှင့် ပတ်သက်ပြီးလည်း ကာကွယ် ပြောဆို သွားခဲ့သေးသည်။ ဂယ်လီယာနီက ဟန်တယ်လားသည် အမှန်တကယ် ထူးချွန်သော တိုက်စစ်မှူး တဦးဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် အခြေမကျ သေးသော်လည်း ၎င်းသည် မီလန်၏ အနာဂတ်တွင် အလွန် အရေးပါသည့် တိုက်စစ်မှူး တဦး ဖြစ်လာမည်ဟု ယုံကြည်ကြောင်း Sky Sports သို့ ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here