တပြေးညီသည့် ဖုန်းအားသွင်း ချာဂျာ ထုတ်လုပ်မှု သဘောတူညီ လိုက်ပြီ

alt

တ ကမာ္ဘလုံး ဆိုင်ရာ တခုတည်းသော စံအဖြစ် သတ်မှတ် ထားကာ ဆွေးနွေး နေကြသော တယ်လီဖုန်း များအား ဓါတ်အားသွင်းသည့် ချာဂျာ များအား

တူညီစွာ ထုတ်လုပ်ရေးအား ယခု အပါတ်တွင် သဘောတူညီမှု ရရှိ လိုက်ပြီဟု ကမာ္ဘ့ ကုလသမဂ္ဂ ဋ္ဌာနခွဲ ဖြစ်သော အပြည်ပြည် ဆိုင်ရာ ဆက်သွယ်ရေး သမဂ္ဂမှ ကြေညာ လိုက်သည်။

အနာဂါတ် ဖုန်းများတွင် one-size-fits-all ခေါ် ချာဂျာ ပလပ်ဆိုဒ် နှင့် ခေါင်းများအား တပုံစံတည်း တဆိုဒ် တည်း ဖြစ်ရေး၏ အဖြေအား ရရှိသွားပြီ ဖြစ်သည်။

ယင်း သဘောတူညီချက်ကို တယ်လီဖုန်း ထုတ်လုပ်သော ကုမ္မဏီကြီးများ ဖြစ်သော၊ Apple ၊ LG, Motorola, Nokia, Samsung ၊ Sony Ericsson၊ တို့ သဘောတူ လက်မှတ် ရေးထိုးကာ ဆက်သွယ်ရေး ပစ္စည်း ကိရိယာများ၏ အဆာဗလာများ ထုတ်လုပ်သော NEC, Qualcomm၊ Texas Instruments တို့ပါ လက်မှတ် ရေးထိုးကြသည်ဟု သိရှိရသည်။

ကျွမ်းကျင်သူ သုတေသီများ မျှော်လင့် ထားသည်မှာ ထို အပြောင်းအလဲကြောင့် စံမဝင်သော ချာဂျာ တန်ပေါင်း ၅၁၀၀၀ ထွက်ပေါ် လာနိုင်ကာ ထို အကျိုးဆက်ကြောင့် နှစ်စဉ် ၁၃.၅ မီလျံ တန်ချိန် ကာဗွန် ဂရင်းဟောက် ဓါတ်ငွေ့ ထုတ်လွှတ်မှု ဖြစ်ပေါ် လာစေနိုင်သည်ဟု ဆိုသည်။

ထိုချာဂျာမှာ စွမ်းအင်သုံး Micro-USB ခေါင်းများနှင့် ဖြစ်ပြီး အခြားနေရာ များတွင်ပါ စွယ်စုံ အသုံးပြုနိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး သမဂ္ဂဗျူရိုမှ ညွှန်ကြားရေးမှူး မယ်လ်ကွန်ဂျွန်ဆင်မှ ယနေ့ ကြေညာချက် ထုတ်ပြန် ပြောဆို လိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here