တီဗွီရှိုးတွင် ပါဝင်ခဲ့မှုကြောင့် ဆော်ဒီ အမျိုးသမီးတဦး ကြိမ်ဒဏ် အချက် ၆၀ ပေးခံရ

alt

ဆော်ဒီ အာရေးဗီးယား ရီယဒ်မှ လာသော သတင်း တပုဒ်အရ ဆော်ဒီ အမျိုးသမီး ဂျာနယ်လစ် တဦးအား တယ်လီဗေးရှင်း ရှိုးပွဲ တခုတွင် ပါဝင်ခဲ့မှု အတွက် များမကြာသေးမီက

လက်ဘနွန် တယ်လီဗေးရှင်း ချာနယ် LBC လိင် အကြောင်း ပြောဆို သွားသော ဆော်ဒီ အမျိုးသားတဦး နှင့် ဖြစ်ရပ်ခြင်း အလား သဏ္ဍာန် တူသည် ဟုဆိုကာ စနေနေ့က ဆော်ဒီ တရား ရုံးတော် တခုမှ အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ကြိမ်ဒဏ် အချက် ၆၀ ချမှတ် လိုက်သည်။

ထိုအမျိုးသမီးမှာ ပထမဆုံး ဆော်ဒီအမျိုးသမီး ဂျာနယ်လစ် ထဲမှ အပြစ်ပေး ခံရခြင်း ဖြစ်လာသည်။ ဆော်ဒီ သတင်းနှင့် ယဉ်ကျေးမှုရေးရာ ဝန်ကြီးဋ္ဌာနမှ ပြောရေး ဆိုခွင့်ရှိသူ အဘ်ဒူရာမန် အယ်လ် ဟဇ်ဇါးမှ အေပီ သတင်းဋ္ဌာနသို့ ပြောဆိုရာတွင် သူတို့ အသေးစိတ်ကိုမူ မသိရှိ ရသေးသော်လည်း အပြစ်ဒဏ် ချမှတ်ခြင်းနှင့် ပါတ်သက်၍ မှတ်ချက်ပေး မပြော ဆိုလိုကြောင်း ပြောဆိုလိုက်သည်။

ထို တရားရုံး၌ပင် လက်ဘနွန် LBC တယ်လီဗေးရှင်း ချာနယ် အား လိင်မှုဆိုင်ရာ ပယ်ပယ်နယ်နယ် ပြောဆိုသွားသော ဆော်ဒီ အမျိုးသား မာဇန်း အဘ်ဒူ ဂျာဝှစ် အား ယခုလ အစောပိုင်း များဆီက ထောင်ဒဏ် ၅နှစ်နှင့် ကြိမ်ဒဏ် အချက် ၁၀၀၀ ချမှတ် ခဲ့ဖူးသည်။

ထို့ကြောင့် လက်ဘနွန် တီဗွီချာနယ် ရုံး၂ခုအား ဆော်ဒီဘုရင့် နိုင်ငံတော်အတွင်းမှ မောင်းထုတ် ပြစ်လိုက်ကာ၊ နိုင်ငံပိုင် အမျိုးသား လေကြာင်းလိုင်းတွင် အလုပ်လုပ်ကိုင်နေသော ဂျာဝှစ် အားလည်း ရာသက်ပန် အလုပ်မှ ထုတ်ပယ် လိုက်သည်။

အခြားသော တယ်လီဗေးရှင်း ရှိုးများ ဖြစ်သော “Bold Red Line,” အစီစဉ်အတွက် ပြင်ဆင်နေသော ဆော်ဒီအမျိုးသား ၃ဦး အားလည်း အများပြည်သူ မြင်ကွင်းတွင် မဖွယ်မရာ ပြုကျင့်ရာ ကြံဆောင်မှုနှင့် ထောင်ဒဏ် ၂နှစ်နှင့် ကြိမ်ဒဏ် အချက်ပေါင်း ၃၀၀ စီ အသီးသီး ချမှတ် လိုက်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here