ပြင်သစ်ထိပ်တန်း ဘော်လုံးပွဲ တနင်္ဂနွေနေ့က တုပ်ကွေးကြောင့် ပွဲစဉ် ရွေ့ဆိုင်းလိုက်ရ

alt

ပြင်သစ် ပထမတန်း ကလပ် အသင်းများ ပွဲစဉ်ဖြစ်သော မာဆဲလ်လီ နှင့် ပဲရစ် စိန်ဂျာမိန်း အသင်းတို့ ယခုနှစ် ဘော်လုံး ရာသီအတွက် ထိပ်တိုက်

တွေ့ဆုံကြသော တနင်္ဂနွေ နေ့က ပွဲစဉ်အား ဆွိုင်းဖလူ ရောဂါကြောင့် ပွဲစဉ်ရွေ့ဆိုင်း လိုက်ရကြောင်း ပြင်သစ် ဘော်လုံး အဖွဲ့ချုပ်က ကြေညာ လိုက်သည်။

 စနေနေ့က ပဲရစ် စိန့်ဂျာမိန်း အသင်းမှ အတည်ပြု ပြောကြား လိုက်သည်မှာ ယခင် ပြင်သစ် လက်ရွေးစဉ် အလယ်တန်း တိုက်စစ်မှူး လူဒိုဗစ်ဂွာလီ နှင့် ခံစစ်မှူး မာမာဒေါ ဆာခိုတို့မှာ ဆွိုင်းဖလူ ဖြစ်ပွားနေကြောင်း၊ ယနေ့ တနင်္ဂနွေ နေ့မှာပင် ဂျာမိန်းအသင်း၏ အလယ်တန်း ကစားသူ ဂျရယ်မီ ကလီမန့် က ထိုသတင်း ဟုတ်မှန် ကြောင်း၊ ထို့အပြင် တိုက်စစ်မှူး လူးဝစ် အာနော့ဒ် မှာလည်း ထိုရောဂါ လက္ခဏာများ တွေ့ရှိရကြောင်း ပြောကြား လိုက်သည်။

ပြင်သစ် ဘော်လုံး အဖွဲ့ချုပ်မှ ဆရာဝန်များ တနင်္ဂနွေနေ့ မနက် အစောပိုင်းက ထိုဘော်လုံး အသင်းရှိရာသို့ ရောက်ရှိလာကာ တုပ်ကွေး ကာကွယ်ဆေးများ ထိုးနှံ၍ ဆောင်ရွက်စရာရှိသော ကြိုတင် ဆောင်ရွက်မှု များအား ပြုလုပ် ပေးကြသည်ဟု ဆိုသည်။

ထိုပွဲစဉ်အား မည်သည့် ရက်အထိ ရွေ့ဆိုင်း လိုက်သည်ကို မသိရှိ ရသေးကာ ကာကွယ်ဆေး ထိုးနှံထားသော ထိုအသင်း ဘော်လုံးသမား များအား ၄ရက်ကြာ စောင့်ကြည့် ရဦးမည်ဟု ပြင်သစ် ဘော်လုံးအဖွဲ့ချုပ်မှ ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here