ဆွိုင်းဖလူကြောင့် ကီဗင်ကော်စနာ ခရီးမထွက်ချင်ဟု ငြင်းဆို

alt

ဟောလီးဝုဒ် ဆူပါစတား မင်းသားကြီး ကီဗင်ကော်စနာမှာ သူ၏ ကန်းထရီး တေးဂီတ အဖွဲ့ Modern West နှင့် ဂျာမဏီသို့ နယ်လှည့်ခရီး ဖျော်ဖြေရန်

ရှိသော်လည်း ခလေးများ၊ မိန်းမများ ပါဝင်မည် ဖြစ်သဖြင့် ယခုလို ကာလ မျိုးတွင် ဆွိုင်းဖလူ ရောဂါ ကြောက်ရွံ့ သဖြင့် ခရီးရှည် မထွက်ချင် သေးဟု အသက် ၅၄နှစ် ရှိပြီ ဖြစ်သော ဆူပါစတားကြီးက တရားဝင် ထုတ်ဖေါ် ပြောဆိုလိုက်သည်။

၎င်း၏ မိန်းမ ၃ယောက်မှ ကလေး၆ဦး ရရှိထားသော မင်းသားကြီးက “အခုလို မူမမှန်တဲ့ (ဆွိုင်းဖလူ) ပြန့်ပွားမှု အခြေအနေမှာ ကျနော့မိသားစုကို အဲဒီ ရောဂါရတဲ့ အထဲ မပါဝင် စေချင်ဖူး၊ အခြေအနေ ပုံမှန် ပြန်ဖြစ် သွားယင်တော့ တမျိုးပေါ့၊ ကျနော့ ခလေးတွေက ငယ်သေးတယ် လေ၊ နောက် ဒီဆွိုင်းဖလူက ကြောက်ဖို့ ကောင်းတယ်ဗျ” ဟု ပြောဆိုလိုက်သည်။

ဝက်တုပ်ကွေးဟု လူသိများသော ဆွိုင်းဖလူ ရောဂါမှာ ယမန်နေ့ ကပင် အမေရိကန် သမတ အိုဘားမားမှ နိုင်ငံတဝှမ်း ရောဂါပြန့်နှံ့ နေကာ လူတထောင်ကျော် သေဆုံးခဲ့ရပြီး ခလေးငယ်ပေါင်း တရာကျော် သေဆုံးခဲ့ရ၍ နိုင်ငံတော်၏ အရေးပေါ် အခြေအနေ ကြေညာ ထားခဲ့ရပြီ ဖြစ်သည်။

The Dances with Wolves ဇါတ်ကားနှင့် The Body Guard ဇါတ်ကားများ တို့နှင့် ကျော်ကြားခဲ့သူ မင်းသားကြီးက ဂျာမန် မော်ဒယ် ခရစ္စတင်း ဘအမ်ဂတ်နာ နှင့် နောက်ဆုံး လက်ထပ်ထားပြီး ဇနီးဖြစ်သူ၏ တိုက်တွန်းမှုဖြင့် သူ၏အိပ်မက် ၁၇ရာစု အမေရိကန် ကန်းထရီး တေးဂီတကို ဂျာမန် ပြည်သူတွေဆီ အရောက်ယူ လာခဲ့မည် ဖြစ်သည်ဟု တီဇီး အွန်လိုင်းသတင်း ဋ္ဌာနသို့ ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here