ကော်ဖီစက်များတွင် အဆိပ်သင့်မှုကြောင့် ကမာ္ဘကျော် ဟားဘတ် တက္ကသိုလ် သိက္ခါကျရ

alt

ယနေ့ တနင်္ဂနွေနေ့တွင် ဟားဘတ် တက္ကသိုလ်မှ တရားဝင် ဖွင့်ဟဝန်ခံ လိုက်သည်မှာ ဆေးတက္ကသိုလ် ပရိဝုဏ်တွင်း အလုပ် လုပ်ကိုင်နေသော သုတေသီ ၆ဦးမှာ စက်များအတွင်းမှ ကော်ဖီသောက် အပြီးတွင်

ခေါင်းမူးခြင်း၊ နားစည် အလွန်တုန်ခါမှု ဖြစ်ခြင်း၊ နှင့် နားများမှ လေထွက်ခြင်း တို့ကြောင့် စစ်ဆေးမှု ပြုလုပ်ရာ ဩဂုတ်လ အတွင်းက ကော်ဖီစက်များ အတွင်း ဓါတုဗေဒ ပစ္စည်းများ ပျော်ဝင်နေခဲ့သည်ဟု ထိုတက္ကသိုလ်မှ သုတေသီများက အခိုင်အမာ ပြောဆို လိုက်သည်။

ယနေ့ထုတ် ဘော်စတွန် ဟာရယ်လ် သတင်းစာတွင် ဖေါ်ပြထားရာ၌ သုတေသန အခန်း အနီးမှ ကော်ဖီဖျော်စက် များသို့ ဆိုဒီယမ် အာဇိုက် ဓါတ်များ ပျော်ဝင်မှု တွေ့ရှိရသည်ဟု ဆိုသည်။

နယူးဘော်စတွန် ရှိ ရောဂါဗေဒ သုတေသန စမ်းသပ်ခန်းများမှ စတင် ဖြစ်ပွားသော ယခုဖြစ်ရပ်တွင် ကျောင်းသူ/သားများနှင့် ဝန်ထမ်းများပါ ထို အဆိပ်သင့်မှု ခံစားခဲ့ရပြီး ထို ဆေးတက္ကသိုလ်အား ဝေဖန်မှုများ အလွန်အမင်း ဖိအားပေးမှု ဖြစ်ပွား ခဲ့ရသည်ဟု ဘော်စတွန်မှ လာသော သတင်းများက ဆိုသည်။

ယင်း သုတေသန ဋ္ဌာနမှာ ကြွက်များအား အသုံးပြုပြီး ကာကွယ်ဆေး ထုတ်လုပ်ရာ စမ်းသပ်ခန်း ဖြစ်သည်။ တက္ကသိုလ်၏ ပြောရေးဆိုခွင့် ရှိသူ ဒေးဗစ်ကင်မရွမ်း က ယခု ဖြစ်ရပ်အား ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်နေပြီး၊ ဘော်စတွန် ကျန်းမာရေးနှင့် လုံခြံုမှု ဋ္ဌာနမှလည်း ယခု ဖြစ်ရပ်အား ပူးတွဲ အပူတပြင်း စုံစမ်းလျှက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here