ဟွန်ဒူးရပ်စ် သမ္မတဟောင်း နှင့် ကြားဖြတ် အစိုးရတို့ ညှိနှိုင်းမှု နောက်ဆုံး အဆင့် ရောက်နေဟု ဆို

alt

ဟွန်းဒူးရပ် နိုင်ငံ၏ အာဏာသိမ်းခံ သမ္မတ မန်နျူရယ် ဇီလာရာက လက်ရှိ ကြားဖြတ် အစိုးရနှင့် ညှိနှိုင်းမှုများ အဆုံးသတ် အခြေအနေသို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း ကြေညာလိုက်သည်။

အောက်တိုဘာ (၂၃)ရက် နေ့က ထုတ်ပြန် လိုက်သည့် ယင်း ကြေညာချက် ကြောင့်လည်း (၄)လကြာ ပြဿနာများနှင့် ကြံုတွေ့ ခဲ့ရသည့် နိုင်ငံရေး အရှုပ်အထွေးများ အားလုံး ပြီးပြတ်ရန် မလွယ်ကူ နိုင်သေးဟု သိရှိရသည်။

ဇီလာရာသည် လက်ရှိ အချိန်တွင် ဟွန်းဒူးရပ်၏ မြို့တော် တီဂူဆီဂလာပါရှိ ဘရာဇီး သံရုံးအတွင်း ခိုအောင်းနေပြီး လွန်ခဲ့သော (၁)လ ကမှ ဟွန်းဒူးရပ်သို့ တိတ်တဆိတ် ပြန်လည် ၀င်ရောက်လာသူ ဖြစ်သည်။ ၎င်းအား ထောက်ခံ အားပေးသော ဟွန်းဒူးရပ် ပြည်သူများနှင့် ကြားဖြတ် အာဏာသိမ်း အစိုးရ၏ လက်နက်ကိုင် ရဲတပ်ဖွဲ့ များအကြား မကြာခဏ အဓိကရုဏ်းများ ဖြစ်ပေါ်ခြင်း အပါအဝင် ပြဿနာများ ကြံုတွေ့ ခဲ့ရပြီးနောက် ဇီလာရာနှင့် လက်ရှိ အာဏာသိမ်း အစိုးရတို့ အပြန်လှန် ညှိနိုင်းရန် ဆုံးဖြတ်ခဲ့သည်။

ကြားဖြတ်အစိုးရ သမ္မတ ရောဘတ်တို မစ်ချယ်လက်တီ က အစည်းအဝေး ရလဒ်နှင့် ပတ်သက်ပြီး နောက်ဆုံးရက်ကို အတည်မပြု နိုင်သေးကြောင်း ပြောကြားခဲ့သော်လည်း ဇီလာရာ ကမူ ဆက်လက် ဆွေးနွေးနေခြင်း ဖြင့်လည်း အကြောင်းမထူး နိုင်တော့ကြောင်း ထုတ်ဖော် ပြောဆိုသွားသည်။

နိုဝင်ဘာ (၂၉)ရက် နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဇီလာရာ အနေနှင့် ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုပါက မစ်ချယ်လက်တီ က ချက်ချင်း နှုတ်ထွက်ပေးမည်ဟု တောင်းဆို ခဲ့သော်လည်း ဇီလာရာက ယင်းတောင်းဆိုမှုကို လုံးဝ လက်မခံခဲ့ပေ။

မိမိသည် ဟွန်ဒူးရပ် ပြည်သူများ၏ သဘော ဆန္ဒနှင့်အညီ ရွေးကောက် ခံထားရသည့် သမ္မတဖြစ်ပြီး ယခုကြားဖြတ် ရွေးကောက်ပွဲသည် လုံးဝ အခြေအမြစ်မရှိဟု ဇီလာရာက ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here