A/H1N1 ကြောင့် အမေရိကန်တွင် သေဆုံးသူ တထောင်ကျော်ပြီ

alt

ယခု သီတင်းပါတ် အတွင်း အမေရိကန် တွင် H1N1 တုပ်ကွေးကြောင့် သေဆုံးသူ အရေအတွက်မှာ (၁၀၀၀) ကျော် အထိ ရောက်ရှိလာပြီဟု ပညာရှင်များက ခန့်မှန်း ခဲ့ကြသည်။

အောက်တိုဘာ (၂၃)ရက် နေ့က အမေရိကန် ကျန်းမာရေး ဌာန၏ ကြေညာချက် အရ တုပ်ကွေး ကာကွယ် ဆေးများ ဖြန့်ချီ ပေးနေသော်လည်း သေဆုံးမှု များကို ရပ်တန့်သွားရန် တားဆီးရေးမှာ အကန့်အသတ်များ ရှိနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်တွင် ယခုနှစ် ဆောင်းရာသီ တုပ်ကွေး ကာကွယ်ဆေး ထိုးသူ (၆)သန်းကျော် ရှိခဲ့ပြီး ယင်းမှာ သမိုင်းတလျှောက် စံချိန်တင် အများဆုံး ပမာဏလည်း ဖြစ်သည်။

(၂၀၀၉) တုပ်ကွေးဟုလည်း ခေါ်ကြသည့် H1N1 တုပ်ကွေးအား တားဆီးနိုင်ရေး အတွက် တကမာ္ဘလုံးက အာရုံစိုက် ကြိုးပမ်းနေသော်လည်း အပြည့်အဝ အောင်မြင်ရေးမှာ မနီးစပ် နိုင်သေးဘဲ ရှိနေသည်။ ကျန်းမာရေး ဌာနက အမေရိကန် ပြည်သူများအား တုပ်ကွေးနှင့် ပတ်သက်ပြီး အပြည့်အဝ အာရုံစိုက် သတိပြုကြရန် နှိုးဆော်ထားသည်။

လေ့လာမှု များအရ အမေရိကန်၏ ပြည်နယ်တိုင်းတွင် တုပ်ကွေး ပျံ့နှံ့မှုများ ဆက်လက် မြင့်မားနေပြီး သေလောက်သည့် အဖျားအနာ များလည်း တွေ့နေရဆဲ ဖြစ်ကြောင်း အမေရိကန် ကူးစက်ရောဂါ ရှာဖွေ တားဆီးရေးဌာန ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဂျိုးကွင်ဘီက ပြောကြားခဲ့သည်။

အမေရိကန်သည် နိုင်ငံ၏ တုပ်ကွေး ကာကွယ်ရေး လှုပ်ရှားမှုအဖြစ် တုပ်ကွေး ကာကွယ် ဆေးယူနစ် (၈၅) သန်းကို မှာယူထားပြီးဖြစ်ကာ နောက်ထပ်လည်း ထပ်မံဖြည့်တင်း ၀ယ်ယူသွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here