ဂျက်စတင် တင်းဘားလိတ် ကို နှောက်ယှက်သည့် အမျိုးသမီးအား တရားရုံးမှ အမိန့်ချ

alt

ဂျက်စတင် တင်းဘားလိတ် အား လိုက်လံ နှောက်ယှက် နေသော အမျိုးသမီး တဦးအား နာမည်ကျော် Pop အဆိုတော် နှင့် ဝေးဝေးနေရန် အမေရိကန် တရားရုံး တခုက အမိန့်ချ မှတ်လိုက်သည်။

အောက်တိုဘာ (၂၃)ရက် နေ့က ချမှတ်ခဲ့သော စီရင်ချက် အရ အသက် (၄၈)နှစ် အရွယ် ကာရန်မက်နေးလ် (အသက်-၄၈နှစ်) သည် တင်းဘားလိတ် နှင့် နီးနီးကပ်ကပ် နေခွင့်မရှိတော့ဟု သိရသည်။

Sexy Back အဆိုတော် တင်းဘားလိတ် ၏ ရှေ့နေ များက ကာရန် သည် တင်းဘားလိတ် အား တကောက်ကောက် လိုက်နှောက်ယှက် နေပြီး အိမ်ထဲသို့ပါ ကျူးကျော် ၀င်ရောက်ရန် ကြံစည်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။

လော့စ်အိန်ဂျယ်လိစ်မြို့ တရားရုံးမှ တရားသူကြီး ဒေးဗစ်ကူနင်ဂမ် က ယင်းအမှုကို ကြားနာပြီးနောက် ကာရန်အား တင်းဘားလိတ် နှင့် ဝေးဝေးနေရန် သတိပေး တားမြစ်ခဲ့သည်။

ရှေ့နေများက ကာရန်သည် အိုးမဲ့အိမ်မဲ့ တဦးဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိနေ နိုင်ကြောင်းလည်း ခန့်မှန်း ပြောကြားခဲ့သည်။ အသက်(၂၈)နှစ် အရွယ် တင်းဘားလိတ်သည် ဂရမ်မီဆု အတော်များများကို ရရှိထားသည့် ကျော်ကြားသော အဆိုတော်တဦး ဖြစ်ပြီး နာမည်ကျော် မင်းသမီး ဂျက်ဆီကာဘေးလ် နှင့် မကြာသေးမီ ကမှ လမ်းခွဲခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here