ဇနီး ဖြစ်သူကြောင့် ထောင်ထဲ ပြန်ဝင်လိုတဲ့ အကျဉ်းသား

alt

အီတလီ နိုင်ငံရှိ ဆစ်စလီကျွန်းသား ထောင်ကျ တဦးသည် နေအိမ် အကျယ်ချုပ် ပြစ်ဒဏ်သို့ ပြောင်းလဲကျခံခွင့် ရရှိသော်လည်း ဇနီး ဖြစ်သူကြောင့် ထောင်ထဲ ပြန်ဝင်လိုကြောင်း တောင်းဆို နေသည်ဟု

အီတလီ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အသက်(၃၀)အရွယ် ဆန်တိုဂမ်ဘီနို သည် ထောင်အတွင်း ကောင်းမွန်စွာ နေထိုင်ခြင်းကြောင့် နေအိမ် အကျယ်ချုပ်အဖြစ် ရဲဌာနက ရွှေ့ပြောင်းခွင့် ပြုခဲ့သော်လည်း ဇနီးသည်က နားပူနားဆာ လုပ်လွန်းသဖြင့် ထောင်ထဲသို့ ပြန်ဝင်ခွင့်ပြုရန် တောင်းဆိုနေကြောင်း သတင်း ဌာနများက ဖော်ပြခဲ့သည်။

ဆစ်စလီကျွန်း၏ မြို့တော် ပါလာမိုရှိ ရဲစခန်းက ဂမ်ဘီနို ကိုယ်တိုင် စခန်းသို့လာ၍ ၎င်းအား ထောင်ထဲ ပြန်ထည့်ပေးပါရန် တောင်းတောင်း ပန်ပန် ပြောကြားခဲ့ကြောင်း အတည်ပြု ပြောဆိုသွားခဲ့သည်။

ဂမ်ဘီနိုသည် ဇနီးသည် နှင့် ကလေး(၂)ဦးရှိပြီး မိသားစုအား မထောက်ပံ့ နိုင်ဟုဆိုကာ ဇနီးက ပြဿနာရှာခဲ့ခြင်း ဖြစ်သည်။ ဂမ်ဘီနိုအား ရန်ပွဲ တခုတွင် ပါ၀င် ပတ်သက်မှုဖြင့် ရဲက ဖမ်းဆီးထားခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် နေအိမ် အကျယ်ချုပ် အဖြစ် ပြောင်းလဲ သတ်မှတ်ပေးခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here