ပါကစ္စတန် လေတပ်စခန်း အသေခံ ဗုံးခွဲ တိုက်ခိုက်ခံရ

alt

ပါကစ္စတန် စစ်တပ်နှင့် အကြီးအကျယ် တိုက်ပွဲ ဖြစ်ပွားနေသော စစ်သွေးကြွ များသည် အောက်တိုဘာ (၂၃)ရက် နေ့က လေတပ် စခန်းတခုအား အသေခံ ဗုံးခွဲခဲ့ရာ အနည်းဆုံး လူ(၇)ဦး သေဆုံး သွားခဲ့ရသည်။

ယင်း လုပ်ရပ်သည် နျူကလီးယာ းလက်နက် ပို်င်ဆိုင်သည့် နိုင်ငံ၏ လုံခြံုရေး အခြေအနေနှင့် ပတ်သက်ပြီး မေးခွန်းများ ကြီးကြီးမားမား ထွက်ပေါ် လာစေခဲ့သည်။ အသေခံ ဗုံးသမား တဦးက ခန္ဓာကိုယ်တွင် ဖောက်ခွဲရေး ပစ္စည်းများ တပ်ဆင်ကာ စက်ဘီးတစင်းကို စီးပြီး အတင်းဝင် တိုက်ခဲ့သော ယခု ဖြစ်စဉ်သည် (၇)ရက် အတွင်း လက်နက်ကိုင် တပ်စခန်း များအား ရည်ရွယ်ပြီး တိုက်ခိုက်ခဲ့သည့် တတိယမြောက် အကြမ်းဖက်မှုလည်း ဖြစ်လာခဲ့သည်။

ထိုတိုက်ခိုက်မှု (၃)ကြိမ် အတွင်း အနည်းဆုံး လူ(၂၄)ဦး သေဆုံးစေခဲ့ပြီး အမေရိကန်က ထောက်ခံ အားပေးသည့် ပါကစ္စတန် အစိုးရ အတွက် ခေါင်းခဲစရာ အခြေအနေ တခု ဖြစ်ခဲ့ရသည်။ မွတ်ဆလင် စစ်သွေးကြွ များကို ပါကစ္စတန် တပ်ဖွဲ့က အပြင်းအထန် တိုက်ခိုက် နေသော်လည်း ယခုလို အလစ်တွင် ဗုံးခွဲမှုများကြောင့် အစိုးရအနေနှင့် ခေါင်းခဲစရာ ဖြစ်နေရသည်။

ပါကစ္စတန် အစိုးရသည် ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း အမေရိကန်၏ အကူအညီဖြင့် အာဖဂန်နစ္စတန် နယ်စပ်တလျှောက် စစ်သွေးကြွ များကို အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here