လီဗာပူးအသင်း အခြေအနေအား ချဲလ်ဆီး ကပ္ပတိန်သုံးသပ်

alt

လီဗာပူး အသင်း ကြံုတွေ့ နေရသော အကြပ်အတည်း များနှင့် ပတ်သက်ပြီး အင်္ဂလန်နှင့် ချဲလ်ဆီး ကပ္ပတိန် ဂျွန်တယ်ရီက ၎င်း၏အမြင်ကို ထုတ်ဖော် ပြောဆို လိုက်သည်။

အသက်(၂၈)နှစ်ရှိ တယ်ရီက ယခုကဲ့သို့ ဖြစ်နေရခြင်းမှာ လီဗာပူးသည် ၎င်းတို့ ချဲလ်ဆီးကဲ့သို့ ကစားသမား အင်အား တောင့်တင်းမှု မရှိခြင်းကြောင့်ဟု တယ်ရီက သုံးသပ်ခဲ့သည်။

လီဗာပူးသည် ပြီးခဲ့သော ယှဉ်ပြိုင်ခဲ့သမျှ (၄) ပွဲစလုံး အရေးနိမ့် ထားသဖြင့် ဖိအားများ ကြံုတွေ့ နေရသည်။ တယ်ရီက လီဗာပူး နည်းပြ ရာဖေးဘင်နီတက်စ် သည် အရည်အချင်းရှိ ကစားသမား ကောင်းများကို ဆုံးရှုံးခဲ့ရပြီး ယင်းတို့၏ နေရာတွင် လူအင်အား ပြန်လည် ဖြည့်တင်းနိုင်ခဲ့ခြင်း မရှိဟု ဝေဖန်ခဲ့သည်။

ယခု လူအင်အားနှင့် ဆိုလျင် လီဗာပူးသည် အခြေအနေ အလွန်ဆိုးရွား နိုင်ကြောင်းလည်း တယ်ရီက ပြောကြားသွားသည်။ ချဲလ်ဆီးတွင် ဆော်လမွန် ကာလူး ကဲ့သို့ နိုင်ငံလက်ရွေးစင် တိုက်စစ်မှူးကောင်း တဦးသည်ပင် အရံခုံတွင် ထိုင်နေရလောက်အောင် ကစားသမား အင်အား တောင့်တင်းကြောင်း၊ ယင်းကဲ့သို့ အခြေအနေမျိုး လီဗာပူးတွင် မတွေ့နိုင်ကြောင်း တယ်ရီ က ဆိုသည်။

သို့သော်လည်း လက်ရှိချန်ပီယံ မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ဆာအဲလ်လက် ဖာဂူဆန် ကမူ အောက်တိုဘာ (၂၅)ရက် နေ့တွင် လီဗာပူးနှင့် တွေ့ဆုံမည့် ပရီးမီးယားလိဂ် ပွဲစဉ်အား တရာသီလုံး အတွက် အခက််ခဲဆုံး ပွဲတခု ဖြစ်လာနိုင်ကြောင်း ခန့်မှန်းခဲ့ပြီး လီဗာပူးသည် တောင့်တင်း နေဆဲဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here