မြန်မာ စစ်အစိုးရ၏ ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ရေး တောင်းဆို

alt

မြန်မာ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု များအား ယခင် ကလည်း ထုတ်ဖော် ဝေဖန်မှုများ ပြုလုပ်ခဲ့သူ ကုလသမဂ္ဂ၏ လွတ်လပ်သည့် လူ့ အခွင့်အရေး အဖွဲ့ တာဝန်ရှိသူ တဦးက

မြန်မာ နိုင်ငံအတွင်း ဖမ်းဆီး ခံထားရသည့် နိုင်ငံရေး အကျဉ်းသား (၂၀၀၀) ကျော်ကို ချက်ချင်း ပြန်လွှတ် ပေးရန် တောင်းဆို လိုက်သည်။

အောက်တိုဘာ (၂၂)ရက် နေ့က တိုမက် အူဂျာ ကွင်တာနာ က မြန်မာ စစ်အစိုးရ အနေနှင့် လူ့အခွင့်အရေးကို အမှန်တကယ် လေးစားကြောင်း သက်သေ ပြရန် နိုင်ငံရေး အကျဉ်းသား များကို လွှတ်ပေး သင့်ကြောင်း ပြောကြား ခဲ့သည်။

ကွင်တာနာ သည် မြန်မာနိုင်ငံသို့ (၂)ကြိမ် လာရောက်ဖူးပြီး (၂၀၀၈) ခုနှစ်က ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ မြန်မာ နိုင်ငံအတွင်း အမျိုးသမီးများနှင့် ကလေးများကိုပါ မတရားသဖြင့် ဖမ်းဆီးထားကြောင်း အစီရင်ခံစာ တင်သွင်းခဲ့သူ ဖြစ်သည်။

ကွင်တာနာက မြန်မာနိုင်ငံ၏ နေရာဒေသ အတော်များများတွင် အငတ်ဘေး ပြဿနာများ ရှိနေပြီး ကချင်၊ မြောက်ပိုင်းရခိုင်၊ ချင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း နှင့် အရှေ့ပိုင်း တို့တွင် ယင်း အခြေအနေကို အထင်အရှား တွေ့မြင်နိုင်ကြောင်း ထောက်ပြ ပြောဆိုထားသည်။

၎င်းက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အနေအထားသည် အလွန် စိုးရိမ်ရသော အခြေအနေတွင် ရှိနေကြောင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပရေး ကော်မတီသို့ ပြောကြား ခဲ့သေးသည်။

မြန်မာ နိုင်ငံသည် အဓိက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် လူငယ်များ၊ အမျိုးသမီးများ ပါ၀င်သော နိုင်ငံရေး အကျဉ်းသား အမြောက်အများကို ပုဒ်မ အမျိုးမျိုး ဖမ်းဆီး ထောင်ချထားသည့် လူ့ အခွင့်အရေး အဆိုးရွားဆုံး နိုင်ငံတခုအဖြစ် ရပ်တည်လျှက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here