သီရိလင်္ကာ ဒုက္ခသည် စခန်းမှ တမီလ် လူမျိုးများ ပြန်လည် လွတ်မြောက်လာ

alt

သီရိလင်္ကာ အစိုးရက ဒုက္ခသည် စခန်းများတွင် ပိတ်လှောင် ထိန်းသိမ်း ထားသည့် တမီလ် လူမျိုးများ အနက် (၄၀၀၀) ကျော် တို့သည် ပြန်လည် လွတ်မြောက် လာကြောင်း သိရှိရသည်။

အစိုးရက အောက်တိုဘာ (၂၂)ရက် နေ့တွင် ထိန်းသိမ်း ထားသူများအား အိမ်ပြန်ခွင့် စတင် ပေးနေပြီဟု အတည်ပြု ကြေညာခဲ့သည်။ ယခုလို အရေအတွက် အလွန် များပြားစွာ ဒုက္ခသည် စခန်းများမှ ပြန်လည် လွှတ်ပေးခြင်းသည် တမီလ် တို့အား သီရိလင်္ကာ စစ်တပ်က ချေမှုန်းမှုများ ပြုလုပ်ပြီးနောက် ပထမဆုံး အကြိမ်ဖြစ်သည်။

၎င်းတို့အား ယခင်က တမီလ်ကျား သူပုန်တို့ အင်အား ကြီးမားစွာ တပ်စွဲထားသည့် နိုင်ငံမြောက်ပိုင်းတွင် ထိန်းသိမ်းထားခြင်း ဖြစ်သည်။ (၂၅)နှစ် ကျော်ကြာ မငြိမ်းချမ်းခဲ့သော ပြည်တွင်းစစ်ကို အဆုံးသတ် သွားစေသည့် (၅)လကြာ နောက်ဆုံး တိုက်ပွဲအပြီး ဒေသခံ တမီလ် လူမျိုးများကို သီရိလင်္ကာ အစိုးရက ဆက်လက် ထိန်းသိမ်းထားရာ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ကဲ့ရဲ့ ရှုတ်ချ ခဲ့ကြသည်။

အထူးသဖြင့် စခန်းများ၏ ဆောက်လုပ်မှု၊ မဆန့်မပြဲ ထားရှိမှု၊ ကျန်းမာရေးနှင့် မညီညွတ်မှု များကြောင့် သီရိလင်္ကာ အစိုးရအား တမီလ် လူမျိုးများ ပြန်လွှတ်ပေးရေး တောင်းဆိုမှုမှာ ပိုမိုမြင့်တက် လာခဲ့သည်။

ကုလသမဂ္ဂ၏ အဆိုအရ တမီလ် ဒုက္ခသည် (၂၇၀၀၀၀) ကို စခန်းများအတွင်း ထည့်သွင်း ပိတ်လှောင်ခဲ့ပြီး (၁၅၀၀၀) မှာမူ ယခု အချိန်တွင် ပြန်လည် လွတ်မြောက်လာပြီဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here