မြန်မာ သင်္ဘောသားများ ပါဝင်သည့် ကုန်တင်သင်္ဘော ပြန်ပေးဆွဲခံရ

alt

မြန်မာ နှင့် အိန္ဒိယ သင်္ဘောသား (၂၆)ဦး ပါ၀င်သော ကုန်တင်သင်္ဘော တစင်းကို ဆိုမာလီ ပင်လယ် ဓားပြများက အပိုင်စီးကာ သင်္ဘော သားများ ကိုလည်း ဖမ်းဆီး သွားခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာ (၂၂)ရက် နေ့က ပနားမား အလံ လွှင့်ထူထားသော MV Al Khalig သင်္ဘောကို အော်တိုမက်တစ် မောင်းပြန် ရိုင်ဖယ်များ ကိုယ်စီ ကိုင်ဆောင် ထားသော ပင်လယ် ဓားပြများက စီးနင်း တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတကာ ရေကြောင်း သွားလာရေး ဗြူရိုမှ တာဝန်ရှိသူ တဦးက ပြောကြားခဲ့သည်။

မလေးရှားနို်င်ငံ၊ ကွာလာလမ်ပူ မြို့တော်ရှိ ဗြူရို အကြီးအကဲ နိုဝယ်ချွန်းက အောက်တိုဘာ (၂၂)ရက်နေ့ တိုက်ခိုက်မှုသည် ဆိုမာလီ ပင်လယ် ဓားပြများ၏ ပုံစံအသစ် ကျူးကျော်လာမှု တခုဟု မှတ်ယူနိုင်ကြောင်း၊ ပြန်ပေး ဆွဲခံရသည့် နေရာသည် ကမ်းခြေနှင့် အလွန် ကွာဝေးသော နေရာတွင် ရှိနေပြီး ရာသီဥတု ကောင်းမွန်ချိန်တွင် တိုက်ခိုက် ခံရခြင်းဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။

ယင်း ပြန်ပေးဆွဲမှုသည် တပါတ်အတွင်း တတိယ အကြိမ်မြောက် တိုက်ခိုက် ခံရမှုဖြစ်ပြီး မကြာသေးမီကလည်း တရုတ်အလံ လွှင့်ထားသည့် သင်္ဘောတစင်းနှင့် စင်္ကာပူအလံ လွှင့်ထားသော သင်္ဘောတစင်းတို့ ပြန်ပေးဆွဲ ခံရသေးသည်။

ချွန်းက လိုက်ပါသွားသော သင်္ဘောသားများ အနက် (၂၄) ဦးသည် အိန္ဒိယမှ ဖြစ်ပြီး ကျန်(၂)ဦးမှာ မြန်မာ နိုင်ငံသားများ ဖြစ်ကြသည်ဟု အတည်ပြု ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here