Nokia က Apple ကို တရား စွဲဆိုပြီ

alt

Nokia က Apple အား ဖုန်းဈေးကွက် အတွင်း မရိုးမသား မှုများ ပြုလုပ်ခဲ့သည် ဆိုကာ တရားစွဲဆို ခဲ့ကြောင်း သိရှိ ရသည်။

ထို့ကြောင့်လည်း ဖင်လန် အခြေစိုက် ကမာ္ဘ့ အကြီးဆုံး မိုဘိုင်းလ်ဖုန်း ကုမ္မဏီနှင့် ကမာ္ဘပေါ်တွင် လူကြိုက် အများဆုံး မိုဘိုင်းလ်ဖုန်း ဖြစ်သည့် iPhone အား ထုတ်လုပ်သော ကုမ္မဏီ တို့ တရားရေးဖြင့် အကြိတ်အနယ် ရင်ဆိုင် ရတော့မည် ဖြစ်သည်။

Nokia နှင့် Apple တို့သည် မိုဘိုင်းလ်ဖုန်း သုတေသန ကိစ္စများနှင့် ပတ်သက်ပြီး ယခင် (၂)နှစ်က လက်တွဲမှု အချို့ ရှိခဲ့သော်လည်း ယခုအခါ ရန်ဘက်များအဖြစ် ထပ်မံ တွေ့ဆုံဦးမည် ဖြစ်သည်။

Nokia သည် ၎င်းတို့၏ အရေးဆိုမှု စွဲချက်ကို အောက်တိုဘာ (၂၂)ရက် နေ့က ဒီလာဝယ်လ် ရှိ အမေရိကန် အစိုးရ တရားရုံးသို့ တင်သွင်းခဲ့သည်။ Nokia က Apple သည် နည်းပညာပိုင်းတွင် ၎င်းတို့ထံမှ ကူးယူမှုများ ပြုလုပ်ထားကြောင်း စွပ်စွဲထားပြီး မိုဘိုင်းလ်ဖုန်း ကုမ္မဏီ ဘီလူးကြီးနှစ်ကောင် ထိပ်တိုက် ရင်ဆိုင်မှုသည် ဈေးကွက်ကို သက်ရောက်မှုများ ရှိလာစေနိုင်ကြောင်း လေ့လာသူ များက သုံးသပ်ခဲ့ကြသည်။

Nokia က Apple သည် Nokia ၏ ကာလရှည်ကြာ သုတေသန ပြုခဲ့ရသည့် မိုဘိုင်းလ် ဆက်သွယ်ရေး စီမံကိန်း များပေါ်တွင် အမြတ်ထုတ်ခဲ့သလို Nokia အတွက် လိုအပ်သော ပေးချေမှုများကို ရှောင်လွှဲခဲ့ကြောင်း စွပ်စွဲထားသည်။ Apple အနေနှင့် Nokia အား ဈေးကွက် ရာခိုင်နှုန်းအလိုက် ခွဲခြားပေးရန် လိုအပ်ကြောင်း၊ ထိုတောင်းဆိုမှုသည် နည်းပညာပိုင်း မူလ အစပြုသော ကုမ္မဏီအတွက် တရားဝင် အခွင့်အရေး ရှိကြောင်း Nokia ၏ စွဲချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

လေ့လာမှု များအရ စက်တင်ဘာ (၃၀)ရက် နေ့တွင် Nokia ၏ ကမာ္ဘ့ မိုဘိုင်းလ်ဖုန်း ရောင်းချမှု ပမာဏကို ချုပ်ကိုင်ထားမှုမှာ (၃၅) ရာခိုင်နှုန်း အထိ ကျဆင်းသွားပြီး ထိုမတိုင်မီက Nokia ၏ ဦးဆောင်မှုသည် (၄၁) ရာခိုင်နှုန်းဖြင့် ရပ်တည်နေကြောင်း သိရှိရသည်။ Nokia ၏ ဆုံးရှုံးသွားသော ဈေးကွက် ဝေစုကို Apple နှင့် Blackberry တို့က ကြားဖြတ် ရယူခဲ့ကြောင်းလည်း စစ်တမ်းများက ညွှန်ပြလျှက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here